ကိုဗစ်စည်းမျဥ်းကို ချိုးဖောက်သလို ဖြစ်သွားခဲ့တာပါ။
Kyaw Ko Ko Sint

အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်လည်း နိုဝင်ဘာလတုန်းက ဖူဟမ်ကွင်းဝန်ထမ်းတစ်ဦးကိုပင် ဂျာစီလက်ဆောင်ပေးခဲ့ဖူးပေမယ့် သူကတော့ ပြစ်ဒဏ်တစ်စုံတရာ မကျခံခဲ့ရပါဘူး။

ဖူဟမ် ၀-၁ ချဲလ်ဆီးပွဲအပြီးမှာ ဖူဟမ်အသင်းရဲ့ ကွင်းရုံ ဝန်ထမ်းတစ်ဦးကို ပွဲကန်ထားတဲ့ ဂျာစီကို လက်ဆောင်ပေး ခဲ့မိတဲ့ ချဲလ်ဆီး နောက်ခံလူ သီယာဂိုလ်ဆေးလ်ဗားအနေနဲ့ အက်ဖ်အေရဲ့စည်းကမ်းထန်းသိမ်းရေးမူနဲ့ ပြစ်ဒဏ်ကျ ခံရဖို့ရှိနေပါပြီ။



အကြောင်းကတော့ ကိုဗစ်ကာလအတွင်းမှာ ဘောလုံးပွဲတွေအတွင်း ကစားသမားအချင်း လက်ပုတ်ချင်း၊လက်ဆွဲ နှုတ်ဆက်ခြင်းနဲ့ ပုခုံးဖက်ခြင်းတို့ကို မလုပ်ရမယ့်အပြင် တစ်ဦးနှင့်တစ်ဦး ဂျာစီလဲလှယ်ခြင်းကိုလည်း မပြုလုပ်ရ ဘူးလို့ သတ်မှတ်ထားတာကြောင့်ပါ။

အလားတူ ဖြစ်ရပ်မျိုးကို အဲဗာတန်အသင်းရဲ့ တောင်ပံ ကစားသမား ရစ်ချာလီဆန်လည်း ပြုမူခဲ့သေးပြီး ဖူဟမ်အ အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာပဲ ပွဲအပြီးမှာ ဂျာစီကို ချွတ်ပြီး လက်ဆောင်ပေးခဲ့တာပါ။ဒါပေမယ့် အဲ့ဒီတုန်းက နိုဝင်ဘာလက ကစားခဲ့တဲ့ပွဲတစ်ပွဲမှာဖြစ်ပြီး သူ့ကို စည်း/ထိန်းက တစ်စုံတရာ အပြစ်ဒဏ်ချမှတ်ခဲ့ခြင်းတော့ မရှိပါ ဘူး။

လက်ရှိအခြေအနေမှာတော့ အင်္ဂလန်မှာ ကိုဗစ်ကူးစက်မှုနှုန်းတွေ ပြန်လည်မြင့်တက်နေလို့ အသွားအလာတွေကို ပြန်လည်ကန့်သတ်ကာဘောလုံးပွဲတွေကိုလည်း တင်းကြပ်တဲ့ ကိုဗစ်စည်းမျဥ်းတွေနဲ့ ကျင်းနေကြတာပါ။

ကိုဗစ်ကူးစက်မှုတွေဟာ ဘောလုံးအသင်းတွေမှာလည်းရှိနေလို့ ပွဲရွှေ့ဆိုင်းမှုတွေ မကြာခဏဆိုသလို လုပ်ဆောင် နေရာမှာ ချဲလ်ဆီးနဲ့ ကစားသွားတဲ့ ဖူဟမ်အသင်းမှာ ကိုဗစ်ကူးစက်ခံထားရသူ အချို့တွေ့လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ က ကစားရမယ့် စပါးနဲ့ဘန်လေအသင်းတို့နဲ့ပွဲတွေကို ရွှေ့ခဲ့ရပါတယ်။

အလားတူပဲ အက်စတန်ဗီလာအသင်းဟာလည်း တစ်သင်းလုံးနီးပါး ကိုဗစ်ကူးစက်နေကြလို့ နှစ်သစ် ကူးကတည်း က ယနေ့အချိန်ထိ ပွဲကစားရခြင်း လုံးဝမရှိ ထားပဲ အက်ဖ်အေဖလားပွဲတစ်ပွဲကိုဆိုရင် ပွဲဖျက်လို့လည်းမရ ရွှေ့လို့ လည်း မရလို့ လူငယ်တွေနဲ့ ကစားခဲ့ရပါသေးတယ်။

ယခုတစ်ပတ်အတွင်းကစားခဲ့တဲ့ပွဲတွေက စတင်ပြီးတော့လည်း ဂိုးသွင်းအပြီးမှာ အရင်လို ကစားသမားတွေ အချင်း ချင်း‌ပွေ့ဖက်ပြီး အောင်ပွဲခံခွင့်မပြုတော့ပဲ တတ်နိုင်သမျှ တစ်ဦးနှင့်တစ်ဦး ထိတွေ့ခြင်းကို ရှောင်ကျဥ်နိုင်အောင် ရည်ရွယ်ထားတာလို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က