ယူနိုက်တက်ကို သရေကျသွားလို့ အဆင့် ၄အထိ ဆင်းသက်ခဲ့ရပါပြီ။

လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်တဲ့ အသင်းတွေအနေနဲ့ လိဂ်မှာ ၃ပွဲဆက်ဂိုးပေါက်ပျောက်ဆုံးတဲ့ တတိယမြောက် အသင်းဖြစ်လာပါတယ်။

လီဗာပူးဟာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ဂိုးမရှိသရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ၃ပွဲဆက် ဂိုးပေါက် ပျောက်ဆုံးနေပါပြီ။



ဒါဟာ ၂၀၀၅ခုနှစ်နောက်ပိုင်း ၁၅နှစ်အကြာမှာ ပထမဆုံး ၃ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေတာဖြစ်လို့ အသင်းရဲ့ တိုက်စစ်ပိုင်းဟာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အဆိုပါ ၃ပွဲစလုံးမှာတော့ လီဗာပူးအသင်းဟာ ရမှတ်၂ မှတ်သာရရှိခဲ့ပြီး နယူးကာဆယ်ကို ဂိုးမရှိသရေ၊ဆောက် သမ်တန်ကို ၁-၀နဲ့ အရေးနိမ့်ပြီး ယခု ယူနိုက်တက်ကို ဂိုးမရှိသရေကျခဲ့တာပါ။

ဒါကြောင့် မူလအဆင့် ၂ကနေ အဆင့် ၄အထိ ဆင်းသက်ပေးခဲ့ရပြီ ဖြစ်ပြီး လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ခက် ခက်ခဲခဲ ရင်ဆိုင်နေရပြီလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လိဂ်မှာဆိုရင်ဟလည်း ဒီဇင်ဘာလတုန်းက ပဲလေ့စ်ကို ၇ဂိုးပြတ်အနိုင်ရပြီးနောက်ပိုင်း လိဂ်နိုင်ပွဲလုံးဝမရှိ ထားပဲ ၃ပွဲသရေ ၁ပွဲရှုံးကာ အဆိုပါ ၄ပွဲမှာလည်း ရဂိုးက တစ်ဂိုးသာရရှိထားပါတယ်။

လီဗာပူးအနေနဲ့ အခုလိုမျိုး ချန်ပီယံဘွဲ့ကို ကာကွယ်တဲ့အသင်းအဖြစ်နဲ့ ၃ပွဲဆက် လိဂ်ဂိုးပေါက်ပျောက်ဆုံးတာဟာ ပရီးမီးယားလိဂ်မှာတော့ တတိယမြောက်အသင်းလည်း ဖြစ်လာပါတယ်။

ယခင်က ၁၉၉၈-၉၉မှာ အာဆင်နယ်၊၂၀၁၆-၁၇မှာ လက်စတာအသင်းတို့လည်း အလားတူ ချန်ပီယံဆုကို ကာကွယ်ရင်း ၃ပွဲဆက် ဂိုးပေါက် ပျောက်ဆုံးခဲ့ဖူးပါတယ်။

တိုက်ဆိုင်စွာပဲ လက်ရှိချန်ပီယံအသင်းတွေအနေနဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်ရင်း လိဂ်မှာ ၃ပွဲဆက် နိုင်ပွဲပျောက်ဆုံး ခဲ့ကြတဲ့ နှစ်တွေမှာ အာဆင်နယ်ရော လက်စတာပါ ချန်ပီယံဆုတွေကို ကာကွယ်နိုင်ခဲ့ခြင်းမရှိတာပါ။

ဒါပေမယ့် လီဗာပူးအသင်းကတော့ ယူနိုက်တက်ကို ဂိုးမရှိသရေကျခဲ့မှုနှင့်အတူ အခြား အံ့မခန်း စံချိန်တစ်ခုကို တော့ တင်ရှိထားနိုင်ပါတယ်။

အဲ့ဒါကတော့ ၂၀၁၇ဧပြီလမှာ ပဲလေ့စ်ကို အိမ်ကွင်းမှာ ၂-၁နဲ့ အရေးနိမ့်ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ အိမ်ကွင်း ရှုံးပွဲမရှိထားတာ ၆၈ပွဲထိ ရှိလာခဲ့တာပါ။

ပရီးမီးယားလိဂ်ကတော့ ရာသီဝက်ကို ရောက်ဖို့ တစ်ပွဲသာလိုတော့ပြီး ဒီအချိန်မှာတော့ ရာသီဝက်ချန်ပီယံဖြစ်ဖို့ အခွင့်အရေး ရှိနေတဲ့အသင်းတွေဟာ ယူနိုက်တက်၊မန်စီးတီး၊လက်စတာနဲ့ လီဗာပူးအသင်းတို့ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က