အပိုင်းအခွင့်အရေးအချို့ကို အသုံးမချနိုင်လို့ သရေနဲ့သာ ကျေနပ်ခဲ့ရတာပါ။
Kyaw Ko Ko Sint

ယူနိုက်တက်ဟာ ဘောလုံးပိုင်ဆိုင်မှု နည်းပါးခဲ့တယ်ဆိုပေမယ့် ဂိုးပေါက်ခြိမ်းခြောက်နိုင်မှုမှာ လီဗာပူးထက် ပိုမို အခွင့်အရေးသာခဲ့သည့်တိုင် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းတော့ မရှိခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့က လီဗာပူးနဲ့ ကစားခဲ့တဲ့ပွဲမှာာ အပိုင်အခွင့်အရေး ၂ကြိမ်ရရှိခဲ့ပေ မယ့် ဖာနန်ဒက်စ်နဲ့ ပေါ့ဂ်ဘာတို့ အသုံးမချနိုင်ခဲ့လို့ ပွဲအပြီးမှာ ဂိုးမရှိသရေကျခဲ့ပါတယ်။



ဖာနန်ဒက်စ်အနေနဲ့ ပူပူနွေးနွေး ဒီဇင်ဘာလရဲ့ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးထားနိုင်ပေမယ့်လည်း လီဗာပူးနဲ့ပွဲမှာ ပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ယူနိုက်တက် ဂန္တဝင်ကစားသမားကြီး ရွိုင်ကိန်းဟာ -“ရက်ရှ်ဖို့ဒ်ကတော့ ကျွန်တော့်အတွက် ဘယ် တော့မှာ ကောင်းလာမှာမဟုတ်ပါဘူး။အလားတူ ဖာနန်ဒက်စ်လည်း ဒီနေ့ပွဲမှာ ပုံစံကောင်းမရပါဘူး။”လို့ Sky Sportကိုပြောခဲ့ပါတယ်။

စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ယူနိုက်တက်ကို အပြစ်မမြင်ပေမယ့်လည်း အပိုင်အခွင့်အရေးကို အသုံးမချနိုင်ခဲ့တဲ့ ပေါ့ဂ်ဘာကြောင့် စိတ်ပျက်မိတယ်လို့လည်း ရွိုင်ကိန်းက ဆိုခဲ့ပါသေးတယ်။

“သူ့နေရာမှာဒီလိုအခွင့်အရေးမျိုးက အပြီးသတ်နေရမယ့် အခြေအနေကို အဆုံးမသတ်နိုင်ခဲ့တာကို စိတ်ပျက်မိပါ တယ်။ဒီအခြေအနေက သူ့အတွက် စကာပြောလို့ အကောင်းဆုံး ဖြစ်လာနိုင်မှာပါ။ဒီမယ် အသင်းမှာ အရေးပါတဲ့ ကစားသမားဖြစ်ချင်ရင် ဒီလို အခွင့်အရေးတွေကို လက်လွှတ်နေလို့တော့ မရပါဘူး။”လို့ ကိန်းက ဆိုပါတယ်။

ကိန်းကတော့ အသင်းရဲ့ နောက်တန်း လေးယောက် ကစားပုံကို ကျေနပ်ခဲ့ပြီး ယူနိုက်တက်အနေနဲ့သရေကျသည့် တိုင် လီဗာပူးအထက် ၃မှတ်အသာနဲ့ အဆင့် ၁မှာ ခိုင်ခိုင်မာမာရပ်တည်ထားနိုင်တဲ့အပေါ်မှာတော့ ကျေနပ်ခဲ့ပါ တယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က