စက္ကန့်အနည်းငယ်စောပြီး ပထမပိုင်းကို ပြီးဆုံးစေခဲ့တာပါ။
Pyae Phyo Thein

ပထမပိုင်းပြီးခါနီးမှာ သီယာဂိုအယ်လ်ကန်တာရာရဲ့ ပေးပို့မှုကနေ ဆာဒီယိုမာနေးက ဂိုးသွင်းယူနိုင်လောက်တဲ့ အနေအထားမှာရှိနေချိန်မှာ ဒိုင်လူကြီးက ပထမပိုင်းပြီးဆုံးကြောင်း ဝီစီမှုတ်ခဲ့တာဖြစ်ပါတယ်။ 


မနေ့က ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်မှာ အပိုင်အခွင့်အရေးတစ်ခုကို ကွင်းလယ်ဒိုင်လူကြီးဖြစ်သူက ဟန့်တားခဲ့တယ်လို့ လီဗာပူးလ်ပရိသတ်တွေက ဝေဖန်ပြောဆိုနေကြပါတယ်။ ပထမပိုင်းပြီးခါနီးမှာ သီယာဂိုအယ်လ်ကန်တာရာရဲ့ ပေးပို့မှုကနေ ဆာဒီယိုမာနေးက ဂိုးသွင်းယူနိုင်လောက်တဲ့ အနေအထားမှာရှိနေချိန်မှာ ဒိုင်လူကြီးက ပထမပိုင်းပြီးဆုံးကြောင်း ဝီစီမှုတ်ခဲ့တာဖြစ်ပါတယ်။ 



ကွင်းလယ်ဒိုင်ပေါလ်တီယာနေးက ဝီစီမှုတ်ချိန်မှာတော့ နာကျင်အချိန်ပိုတစ်မိနစ်ပြည့်ဖို့အတွက် စက္ကန့်အနည်းငယ်လိုအပ်နေသေးတာဖြစ်ပါတယ်။ ဒီအချိန်မှာ မာနေးဆီ ဘောလုံးပေးပို့ခဲ့တဲ့ သီယာဂိုကိုယ်တိုင်လည်း စိတ်ပျက်သွားခဲ့ပြီး ဟန်အမူအရာနဲ့ မေးခွန်းထုတ်ခဲ့ပါတယ်။ မာနေးရဲ့ ပြေးလမ်းကြောင်းတည့်တည့်ကို ဘောလုံးကွက်တိရောက်အောင် ပို့ပေးနိုင်ခဲ့တာဖြစ်ပြီး မာနေးကလည်း ချိန်သားကိုက်ပြေးထွက်ခဲ့တာဖြစ်ပါတယ်။ 

တကယ်လို့သာ ပွဲချိန်မပြီးဆုံးခဲ့ဘူးဆိုရင် သေချာပေါက်ဂိုးရနိုင်တဲ့ အခွင့်အလမ်းဖြစ်ပြီး လီဗာပူးလ်ပရိသတ်တွေ တော်တော်လေးဒေါသထွက်ခဲ့ရတဲ့ မြင်ကွင်းဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပထမပိုင်းပြီးတာနဲ့ လူမှုကွန်ရက်ပေါ်မှာ အဆိုပါအဖြစ်အပျက်အတွက် မေးခွန်းထုတ်ခဲ့ပြီး ကွင်းလယ်ဒိုင်အနေနဲ့ ဒါကို ဖြေရှင်းပေးဖို့လိုအပ်တယ်ဆိုတာမျိုးကို ပြောဆိုနေတဲ့အထိဖြစ်ခဲ့ရပါတယ်။ 

အမှန်တကယ်လည်း နစ်နာမှုတစ်ခုဖြစ်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ယူနိုက်တက်အတွက်တော့ ကံဖေးမခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် အခွင့်အလမ်းဖန်တီးမှုအားနည်းခဲ့တဲ့ လီဗာပူးလ်ဟာ ရှားရှားပါးပါးရရှိခဲ့တဲ့ အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး ဒုတိယပိုင်းမှာလည်း ဂိုးမသွင်းနိုင်ခဲ့လို့ အိမ်ကွင်းမှာ သရေနဲ့ကျေနပ်ခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ ယူနို်က်တက်က သေချာပေါက်ဂိုးရနိုင်တဲ့ အခွင့်အရေးတွေပိုရခဲ့ပြီး အယ်လစ်ဆန်လက်စွမ်းပြခဲ့လို့ လီဗာပူးလ်တို့ ကံကောင်းခဲ့ရပါတယ်။ တစ်မှတ်စီခွဲယူခဲ့ရလို့ ကျေနပ်သင့်တဲ့ရလဒ်ဖြစ်ခဲ့ပြီး ယူနိုက်တက်က ထိပ်ဆုံးမှာဆက်လက်ရပ်တည်နေကာ လီဗာပူးလ်ကတော့ အဆင့် ၄အထိ ရောက်ရှိသွားခဲ့ပြီး ထိပ်ပိုင်းအသင်းတွေရဲ့ ပြိုင်ဆိုင်မှုကတော့ ပိုမိုပြီးအကြိတ်အနယ်ရှိလာခဲ့ပြီဖြစ်ပါတယ်။ 



Author


က္က