ယနေ့ညမှာ အာဆင်နယ်အသင်းက ကာဆယ်နဲ့ ကစားဖို့ ရှိပါတယ်။
Kyaw Ko Ko Sint

ဇာခါဟာ အနီကဒ်ပြစ်ဒဏ်ကြောင့် ပွဲပယ်ခံရပြီးနောက်ပိုင်း ကစားထားသမျှ လိဂ် ၄ပွဲစလုံးမှာ ပါဝင်ထားနိုင်ပြီး ချဲလ်ဆီးနဲ့ပွဲမှာလည်း လှပတဲ့ အလွတ်တည်ကန်ဘောကတဆင့် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကတော့ အသင်းရဲ့ ကွင်းလယ်လူ ဇာခါဟာ ဘန်လေနဲ့ပွဲက ပြသခံခဲ့ရတဲ့ အနီကဒ် ပြစ်ဒဏ်နောက်ပိုင်းမှာ စည်းကမ်းပိုင်းဆိုင်ရာ အမူအကျင့် သိသိသာသာ တိုးတက်ပြောင်းလဲလာတယ်လို့ ချီးကျူး ပြောဆိုလာပါတယ်။



ဇာခါကတော့ ဘန်လေနဲ့ပွဲတုန်းက ပြိုင်ဖက်ကစားသမားရဲ့လည်ပင်းကို ဆွဲလှဲခဲ့လို့ တိုက်ရိုက် အနီကဒ်ပြစ်ဒဏ်ပြ သခံခဲ့ရသူပါ။

အဆိုပါပွဲမှာလည်း အာဆင်နယ်ဟာ ဘန်လေကို ၁-၀နဲ့ ရှုံးနိမ့်ခဲ့ရပြီး တန်းဆင်းဇုန်နဲ့ နီးကပ်တဲ့နေရာအထိ ဆင်း သက်ရပ်တည်ခဲ့ရပါတယ်။

အဲ့နောက်ပိုင်းမှာတော့ အာဆင်နယ်အသင်းဟာ ခြေစွမ်းပြန်မှန်လာပြီး လိဂ် နော်ကဆုံး ၄ပွဲဆက်မှာ ၃ပွဲနိုင် ၁ပွဲသ ရေအထိ ရလဒ်ကောင်းမွန်လာကာ အဆင့် ၁၁ထိ ပြန်လည် တက်လှမ်းရပ်တည်နိုင်ခဲ့ပါတယ်။

“အနီကဒ်ပြစ်ဒဏ်နဲ့အတူ မှတ်တမ်းတွင်ခဲ့တဲ့ ဇာခါကို ယုံကြည်မှု ပြန်လည်ရရှိလာဖို့ ကျွန်တော်တို့ အကောင်းဆုံး ပြန်လည် ဆွဲခေါ်ခဲ့ရပါတယ်။သူကိုယ်တိုင်ကလည်း သူရှိသင့်ရှိထိုက်တဲ့ နေရာကို ပြန်လည်တက်လှမ်းလာနိုင်ဖို့ အတွက် အသင်းကိုလည်း ယုံကြည်မှုနဲ့ အကောင်းဆုံး ပံ့ပိုးမှုတွေကို ခေါင်းဆောင် တစ်ဦးဆိုတဲ့ အသိနဲ့ ပေးစွမ်း လာနိုင်ပါတယ်။အခုချိန်ထိ သူ့ရဲ့ အမူအကျင့်ဟာ အကောင်းဆုံး အခြေအနေမှာ ရှိလာနေပြီး ဒါဟာ ကျွန်တော်တို့ အတွက် တကယ့်ကို ကောင်းမွန်တဲ့ ရလဒ်ပါ။”လို့ အာတီတာက ချီးမွမ်းပြောဆိုလာပါတယ်။

အာဆင်နယ်အသင်းဟာ ယနေ့ည တနင်္လာနေ့မှာတော့ နယူးကာဆယ်အသင်းနဲ့ တွေ့ဆုံ ကစားရဖို့ ရှိနေပြီး - “ဂါဘီကတော့ လေ့ကျင့်ခန်း အပြည့်အဝလုပ်ဆောင်နေနိုင်လို့ အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာဖို့ ရှိပါတယ်။ ကီရန်ကလည်း ခြေသလုံးကြွက်သားဒဏ်ရာကနေ ပြန်လည် ကောင်းမွန်လာလို့ အသင်းနဲ့ ပူးပေါင်းနေ နိုင်ပါပြီ။”လို့ အာတီတာက လူစာရင်းကို အရိပ်အမြွက်ပြောခဲ့ပါသေးတယ်။

အခြားခံစစ်မှူးတစ်ဦးဖြစ်တဲ့ ပါဘလို မာရီကတော့ ခြေသလုံးကြွက်သားဒဏ်ရာကြောင့်ပင် အနားယူနေရဆဲ ဖြစ် တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က