ဘေးလ်အတွက်တော့ ကြီးမားတဲ့ သတိပေးမှုဖြစ်လာခဲ့ပါပြီ။

ဘေးလ်ဟာ ရီးရဲလ်မှာ ပုံမှန်နေရာပျောက်ဆုံးပြီး ကစားခွင့်မရခဲ့တဲ့နောက် အသင်းဟောင်းစပါးကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။


ရှက်ဖီးယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မတိုင်ခင်မှာ အသင်းလေ့ကျင့်မှုတွေပြုလုပ်နေတဲ့ ပုံရိပ်တွေကို တော့တင်ဟမ်ဟော့စပါးအသင်းက သူတို့ရဲ့ တရားဝင် YouTube Channel မှာ ဖော်ပြခဲ့ပါတယ်။ ဒီဖော်ပြခဲ့မှုမှာတော့ ဘာဝိန်းနဲ့ ဆွန်ဟောင်မင်တို့က အထင်ကြီးဖွယ်ရာပုံစံမျိုးကို ပြသခဲ့ကြတယ်လို့ သိရပြီး မော်ရင်ဟိုရဲ့ ဂါရတ်ဘေးလ်ကို ပြောဆိုနေမှုတစ်ခုက တော်တော်လေးကို ရေပန်းစားသွားခဲ့ပါတယ်။ 



အဆိုပါ ရုပ်သံဖိုင်ကို ကြည့်ရှုခဲ့တဲ့ YouTube အသုံးပြုသူတစ်ဦးက "ဘယ်သူများ ဒါကိုကြားမိကြသေးလဲ၊ ၁းဝ၈ မိနစ်နေရာမှာ သေချာလေးနားထောင်ကြည့်၊ မင်း ဒီမှာဆက်နေချင်လား ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်ကို ပြန်သွားချင်လားဆိုပြီး ပြောထားတဲ့ အသံကြားရလိမ့်မယ်၊ ဂါရတ်ဘေးလ်ကို ပြောတာဖြစ်နိုင်တယ်" လို့ မှတ်ချက်ပြုရေးသားသွားခဲ့ပါတယ်။ 

ဒီပြောဆိုမှုအပိုင်းအစကို The Spurs Web လို့ အမည်ပေးထားတဲ့ တွစ်တာအကောင့်မှာလဲ ပြန်လည်ဖော်ပြမှုရှိခဲ့ပါတယ်။ မော်ရင်ဟိုက ဂါရတ်ဘေးလ်ကို သေချာပေါက်ပြောဆိုတယ်လို့ တပ်အပ်မပြောနိုင်ပေမယ့်လည်း လက်ရှိမှာ ရီးရဲလ်မက်ဒရစ်ကနေ ဘေးလ်က အငှားနဲ့လာရောက်ကစားနေသူဖြစ်လို့ ဝေးလ်ကြယ်ပွင့်ကို ပြောဆိုတာက ပိုမိုဖြစ်နိုင်ချေရှိတယ်လို့လည်း သုံးသပ်နေကြပါတယ်။

နောက်ခံလူတစ်ဦးဖြစ်တဲ့ ရီဂွီလွန်ကလည်း ရီးရဲလ်ကနေ ပြောင်းရွှေ့လာသူဖြစ်ပေမယ့် မော်ရင်ဟိုရဲ့ စိတ်ကြိုက်ကစားသမားအဖြစ် ပုံမှန်ကစားခွင့်ရရှိနေသူဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ရီးရဲလ်မက်ဒရစ်ကို ပြန်သွားပြီး ဘောလုံးမကန်ပဲနေမလားလို့ ပြောဆိုမှုဟာ ဂါရတ်ဘေးလ်ကိုသာ ပြောဆိုတာဖြစ်နိုင်တယ်လို့ သေချာပေါက်ယူဆရမှာဖြစ်ပါတယ်။ 

ဘေးလ်ဟာ ရီးရဲလ်မှာ ပုံမှန်နေရာပျောက်ဆုံးပြီး ကစားခွင့်မရခဲ့တဲ့နောက် အသင်းဟောင်းစပါးကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပါးမှာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး ယူရိုပါလိဂ် ၆ ပွဲနဲ့ ပရီးမီးယားလိဂ် ၄ ပွဲသာ ကစားပေးထားရပြီး ပြိုင်ပွဲစုံသွင်းဂိုး ၃ ဂိုးတော့ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ 



က္က