အော်ဘာမီယန်ရဲ့ အဖြစ်ကတော့ တော်တော်လေးကို ရယ်ရွှင်ဖွယ်ရာပါပဲ။

အော်ဘာမီယန်ဟာ လူစားလဲခံရပြီးနောက် အဝတ်လဲခန်းထဲကို တန်းဝင်သွားခဲ့ကာ သူ့ပြသနာကို အမြန်ဖြေရှင်းခဲ့ရတယ်လို့ သိရပြီး အာတီတာကတော့ သူ့ရဲ့တိုက်စစ်မှူးကို ပွဲအပြီးမှာ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ 


အာဆင်နယ်က နယူးကာဆယ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးအော်ဘာမီယန်ဟာ အိမ်သာတက်ဖို့လိုအပ်လာတဲ့အတွက် ဟက်ထရစ်ရရှိနိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။ အသင်းအတွက် ဂိုးမသွင်းပေးနိုင်တာ ကြာမြင့်နေပြီဖြစ်တဲ့ အော်ဘာမီယန်ဟာ မနေ့ကပွဲမှာ ပုံမှန်ခြေစွမ်းပြန်လည်ရရှိခဲ့ပြီး ၂ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ 



ဒါပေမယ့်လည်း သူ့ရဲ့ ဒုတိယမြောက်ဂိုးကို သွင်းယူပေးပြီး နှစ်မိနစ်အကြာမှာပဲ နည်းပြအာတီတာက အော်ဘာမီယန်ကို လူစားလဲလှယ်ခဲ့ပါတယ်။ အော်ဘာမီယန်ဟာ လူစားလဲခံရပြီးနောက် အဝတ်လဲခန်းထဲကို တန်းဝင်သွားခဲ့ကာ သူ့ပြသနာကို အမြန်ဖြေရှင်းခဲ့ရတယ်လို့ သိရပြီး အာတီတာကတော့ သူ့ရဲ့တိုက်စစ်မှူးကို ပွဲအပြီးမှာ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ 

"ဟုတ်ပါတယ်၊ သူ အဝတ်လဲခန်းထဲကို ဝင်သွားခဲ့ပါတယ်" လို့ အာတီတာက ပြုံးပြုံးရွှင်ရွှင်နဲ့ ဖြေဆိုခဲ့ပြီး သူ့တိုက်စစ်မှူးရဲ့ ပြသနာက မှန်ကန်တယ်လို့ ဆိုခဲ့ပါတယ်။ အော်ဘာမီယန်ဟာ အသင်းအတွက် ဒီရာသီမှာ လေးဂိုးမြောက်နဲ့ ငါးဂိုးမြောက်သွင်းဂိုးတွေကို ရယူပေးနိုင်ခဲ့တာဖြစ်သလို အသင်းကိုလည်း အဆင့် ၁၀ နေရာဆီ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ 

"သူ့ရဲ့ စွမ်းဆောင်ရည်အတွက် ကျွန်တော် တကယ်ပဲ ကျေနပ်မိပါတယ်၊ ဒါက သူ့ကစားသမားဘဝတလျှောက်မှာ လုပ်ပြနေခဲ့တဲ့အရာတွေပါ၊ စိတ်ပိုင်းဆိုင်ရာသန်မာဖို့ လိုပါတယ်၊ သူ ခက်ခဲတဲ့ ကာလတွေကို ရင်ဆိုင်ခဲ့ရပြီး သူ့ရဲ့ သွင်းဂိုးတွေကိုလည်း ကျွန်တော်တို့ ဆုံးရှုံးခဲ့ရပါတယ်၊ ဒီနေ့တော့ သူ ပြန်လာနိုင်ခဲ့ပြီး နှစ်ဂိုးအထိသွင်းယူပေးခဲ့သလို အသင်းနိုင်ပွဲရအောင်လည်း ကူညီနိုင်ခဲ့ပါတယ်"

"ဒါက ကျွန်တော်တို့ အတိအကျလိုအပ်နေတဲ့အရာပါ၊ ဒါကြောင့် သူ့အတွက် ကျွန်တော်အရမ်းကျေနပ်ပျော်ရွှင်မိပါတယ်" လို့ အာတီတာက ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ အော်ဘာမီယန်ဟာ ဒီရာသီမှာ ဆိုးဆိုးဝါးဝါးခြေစွမ်းပျောက်နေခဲ့တာဖြစ်ပြီး ကစားသမားဘဝ အခက်ခဲဆုံးအချိန်တွေကို ကျော်ဖြတ်ခဲ့ရကာ မနေ့ညက သွင်းဂိုးတွေက သူ့အတွက်တော့ ယုံကြည်မှုမြင့်မားလာစေမှာတော့ သေချာပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က