နိုင်ပွဲနှင့်အတူ အဆင့် ၁၀ကို တက်လှမ်းလာနိုင်ပါပြီ။
Kyaw Ko Ko Sint

ကာဆယ်နဲ့ ရင်ဆိုင်ထားသမျှ နောက်ဆုံး ၁၅ပွဲဆက်မှာ အာဆင်နယ်အသင်းက ၁၄ကြိမ်နိုင်ပြီး ၂၀၁၈ခုနှစ်တုန်းက ၂-၁ဂိုးနဲ့ တစ်ကြိမ်သာ ရှုံးထားဖူးတာပါ။

နယူးကာဆယ်ကို ၃-၀နဲ့ အနိုင်ယူခဲ့တဲ့ အာဆင်နယ်အသင်းဟာ အမှတ်ပေးပြိုင်ပွဲမှာ အဆင့် ၁၀အထိ တက်လှမ်း လာနိုင်ပါပြီ။



အာဆင်နယ်အတွက် ဂိုးတွေကို ဆာကာက တစ်ဂိုး အူဘာမီယန်းက ၂ဂိုး အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

ဒီပွဲမှာ ဆာကာ သွင်းယူတဲ့ ဒုတိယဂိုးကို ဖန်တီးပေးခဲ့သူ စမစ်ရိုဝီဟာ နောက်ပိုင်းမှာ အသင်းအတွက် အားထားရ တဲ့ လူငယ်ကစားသမားတစ်ဦး ဖြစ်လာပါတယ်။

ဒါ့အပြင် အဆိုပါပွဲမှာ သူတို့နှစ်ဦးပေါင်း ဂိုးသွင်းယူနိုင်မှုဟာလည်း အင်္ဂလန် ကစားသမားတွေအဖြစ် အသက် ၂၁နှစ် မပြည့်ခင် နှစ်ဦးပေါင်း ၃ဂိုးအထိ ရယူနိုင်တဲ့ ပထမဆုံး ကစားဖော်တွေလည်း ဖြစ်လာခဲ့တာပါ။

ဒါ့အပြင် အာဆင်နယ်အသင်းဟာလည်း ယခုပွဲမှာ ပေးဂိုးမရှိ အနိုင်ရလိုက်တဲ့အတွက် ပြိုင်ပွဲစုံ နောက်ဆုံး ၅ပွဲဆက် ပေးဂိုးမရှိ စံချိန်ကို တင်နိုင်ခဲ့တာပါ။

အာဆင်နယ်ဟာ ဘရိုက်တန်ကို ၁-၀၊ဝက်စ်ဘရွန်းကို ၄-၀၊အက်ဖ်အေ တတိယအဆင့်မှာ ကာဆယ်ကိုပင် ၂-၀၊ပဲ လေ့စ်နဲ့ ဂိုးမရှိ သရေကျပြီး ယခု လိဂ်ပွဲမှာကာဆယ်ကို ၃-၀နဲ့ ထပ်မံ အနိုင်ရတာပါ။

ဒါဟာ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ပြိုင်ပွဲစုံ ၅ပွဲဆက် ပေးဂိုးမရှိစံချိန်ကို တင်နိုင်ခဲ့တာ ဖြစ်ပြီး ဒီပွဲမှာ တစ်ဂိုးသွင်းနိုင်တဲ့ ဆာကာကလည်း လူငယ်ကစားသမားတစ်ဦးအနေနဲ့ အသင်းအတွက် ၁၁ပွဲကစားပေးထားရာ မှာ ၅ဂိုးသွင်း ၆ဂိုးဖန်တီးထားနိုင်ပါပြီ။

အလားတူ အနိုင်ဂိုး ၂ဂိုးရှင် အူဘာမီယန်းဟာလည်း နယူးကာဆယ်နဲ့ ပြိုင်ပွဲစုံ ရင်ဆိုင်ထားသမျှမှာ ၄ဂိုးသွင်းပြီး ၂ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။

ဒါ့အပြင် အာဆင်နယ်အသင်းဟာ နယူးကာဆယ်နဲ့ ရင်ဆိုင်ထားသမျှ ပြိုင်ပွဲစုံ နောက်ဆုံး ၁၅ပွဲမှာ တစ်ပွဲသာ အရေးနိမ့်ထားပြီး ကျန် ၁၄ပွဲစလုံးကို အနိုင်ယူထားနိုင်တကာလည်း ထူးခြားမှု တစ်ခုပါ။

အာဆင်နယ်အသင်းအနေနဲ့ လာမယ့် ဇန်နဝါရီ ၂၃မှာ အက်ဖ်အေဖလာား စတုတ္ထပွဲစဥ်အဖြစ် ကစားဖို့ရှိပြီး အဲ့ဒါပြီး ရင်ဆောက်သမ်တန်အသင်းကို အဝေးကွင်းသွားရောက် ရင်ဆိုင်ရပါဦးမယ်။


Author


က္က