လီဗာပူးလ်နဲ့ပွဲက ခြေစွမ်းအတွက် ချီးကျူးခံနေရတာပါ။
Pyae Phyo Thein

လုခ်ရှောဟာ လီဗာပူးလ်တိုက်စစ်မှူးဆာလာကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပြီး တိုက်စစ်ကိုလည်း ပ့ံပိုးပေးနိုင်ခဲ့ကာ ချီးကျူးမှုအများအပြားလည်း ရရှိခဲ့ပြီး ဆိုးလ်ရှားအတွက် အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ 


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ မန်ချက်စတာယူနို်က်တက်တို့ရဲ့ အင်္ဂလန်ဒါဘီပွဲစဉ်မှာ ယူနို်က်တက်နောက်ခံလူလုခ်ရှော ခြေစွမ်းပြကစားသွားခဲ့ပါတယ်။ လုခ်ရှောဟာ လီဗာပူးလ်တိုက်စစ်မှူးဆာလာကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပြီး တိုက်စစ်ကိုလည်း ပ့ံပိုးပေးနိုင်ခဲ့ကာ ချီးကျူးမှုအများအပြားလည်း ရရှိခဲ့ပြီး ဆိုးလ်ရှားအတွက် အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ 



တွစ်တာမှာ အခုထွက်ပေါ်လာခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုမှာတော့ လုခ်ရှောဟာ လီဗာပူးလ်ကွင်းလယ်လူသီယာဂိုကိုပါ စိတ်ဓာတ်ကျစေခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ Man Utd Comps ဆိုတဲ့ တွစ်တာစာမျက်နှာက ဖော်ပြခဲ့တာဖြစ်ပြီး ၂ မိနစ်ကျော်ကြာမြင့်တဲ့ ဗီဒီယိုဖိုင်ထဲမှာ လုခ်ရှောဟာ ဘောလုံးရှင်းထုတ်မှု ၁၀ ကြိမ်နဲ့အထက်မှာရှိခဲ့ပြီး တိုက်စစ်လိုက်ပါမှုက ၃ ကြိမ်ထက်မနည်းရှိခဲ့ပါတယ်။ 



လီဗာပူးလ်ကွင်းလယ်လူသီယာဂိုကလည်း သူ့အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။ ကွင်းလယ်ကနေ တိုက်စစ်ကို ဘောလုံးဖြန့်ဖြူးပေးမှု တော်တော်လေးကောင်းမွန်ခဲ့ပြီး ဆာလာကို အခွင့်အရေးရအောင် ကူညီပေးနေခဲ့ပါတယ်။ ဒါပေမယ့်လည်း လုခ်ရှောရဲ့ အကောင်းဆုံးပုံစံပြသနေမှုတွေကြောင့် သူ့ရဲ့ဖန်တီးပေးပို့မှုတွေက အချည်းနှီးသာဖြစ်ခဲ့ရပြီး အရာမထင်ခဲ့ပါဘူး။ 



Sportbible ကတော့ သီယာဂိုကို လာမာစီယာအကယ်ဒမီဆီ ပြန်ပို့လိုက်တဲ့ လုခ်ရှောဆိုပြီး ခေါင်းစဉ်တပ်ကာ ရေးသားဖော်ပြခဲ့ပါတယ်။ ရုပ်သံဖိုင်အတွင်းမှာတော့ ဆာလာဟာ လုခ်ရှောကို လုံးဝမကျော်နိုင်ခဲ့ဘဲ အင်္ဂလန်သားရဲ့အိတ်ကပ်ထဲရောက်နေခဲ့ကာ အခွင့်အရေးတစ်ကြိမ်လောက်တောင် မဖန်တီးနိုင်ခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ 

ဒ့ါအပြင် ပွဲကစားချိန် ၂၇ မိနစ်မှာ လုခ်ရှောက ကွင်းလယ်ကနေ တောက်လျှောက်ဆွဲပြေးလာပြီး လီီဗာပူးလ်ဧရိယာထဲထိ ဝင်ရောက်ဖို့ကြိုးစားမှုကို သီယာဂိုက လိုက်လံဟန့်တားခဲ့ပေမယ့် သူသာ ဟပ်ထိုးလဲကျခဲ့တာကိုလည်း တွေ့ရမှာပါ။ သီယာဂိုကို ဂျာမနီပြန်ပို့လိုက်တဲ့ လုခ်ရှော၊ လုခ်ရှောရဲ့ အိမ်ပြန်ပို့ခြင်းခံလိုက်ရတဲ့ သီယာဂို အစရှိသဖြင် တွစ်တာအသုံးပြုသူတွေကလည်း ပြန်လည်ဖော်ပြခဲ့ပြီး အင်္ဂလန်သားကို ချီးကျူးခဲ့ကြပါတယ်။ 



Author


က္က