လက်စတာကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ပြောဆိုခဲ့ပြီး သူ့အနာဂတ်ကလည်း သူ့လက်ထျွှဲာမရှိတော့ဘူးလို့ ဆိုပါတယ်။
Pyae Phyo Thein

ပေါင်သန်း ၂၀၀ ကျော်ဖိုး ဝယ်ယူထားပြီး အသင်းကို စိတ်တိုင်းကျပြင်ဆင်ထားတဲ့ လမ်းပတ်အတွက်တော့ ဖိအားတွေများသထက်များလာခဲ့ကာ ရိုမန်အေဘရာမိုဗစ်ရဲ့ နဂါးမျက်စောင်းဒဏ်ကိုလည်း ခံစားနေရပြီဖြစ်ပါတယ်။ 


လက်စတာကို အဝေးကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးနည်းပြလမ်းပတ်က သူ့ရဲ့အနာဂတ်ဟာ သူ့လက်ထဲမှာမရှိတော့ဘူးလို့ ပြောဆိုလိုက်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ အမှတ်ပေးပွဲ ၈ ပွဲမှာ ၅ပွဲအထိ အရေးနိမ့်ခဲ့တဲ့နောက် ချယ်လ်ဆီးဟာ အဆင့် ၈ နေရာအထိ ရောက်ရှိသွားခဲ့ပြီး ဥရောပဝင်ခွင့်နေရအတွက်သာ မျှော်လင့်ရတော့မယ့် အခြေအနေလည်းဖြစ်နေပါတယ်။



အန်ဒီဒီနဲ့ မက်ဒီဆန်တို့ရဲ့ ပထမပိုင်းသွင်းဂိုးတွေကြောင့် လက်စတာကို အရေးနိမ့်ခဲ့ပြီး ဘရန်ဒန်ရော်ဂျာရဲ့အသင်းကတော့ အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိလာခဲ့ပါတယ်။ ပေါင်သန်း ၂၀၀ ကျော်ဖိုး ဝယ်ယူထားပြီး အသင်းကို စိတ်တိုင်းကျပြင်ဆင်ထားတဲ့ လမ်းပတ်အတွက်တော့ ဖိအားတွေများသထက်များလာခဲ့ကာ ရိုမန်အေဘရာမိုဗစ်ရဲ့ နဂါးမျက်စောင်းဒဏ်ကိုလည်း ခံစားနေရပြီဖြစ်ပါတယ်။ 

"ဒါကို ကျွန်တော်ထိန်းချုပ်လို့မရပါဘူး၊ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကလည်း ကျွန်တော်ပြောခဲ့ပြီးပါပြီ၊ ဒါကို ကျွန်တော်နားလည်ပြီး ကလပ်အသင်းရဲ့ မျှော်လင့်ချက်ကိုလည်း ကျွန်တော်ကောင်းကောင်းသိပါတယ်၊ ဒီရာထူးကို လက်ခံခဲ့ချိန်မှာ ခက်ခဲတဲ့အချိန်တွေဆိုတာ ကျွန်တော်သိထားပြီးသားပါ၊ ဘာလို့လဲဆိုတော့ အသင်းက ပြိုင်ပွဲဝင်ဖို့ အသင့်မဖြစ်သေးလို့ပါပဲ"

"အပြောင်းအရွှေ့မှာ ပိတ်ပင်ခံထားရတယ်၊ လူငယ်ကစားသမားတွေ၊ နုပျိုတဲ့ကစားသမားတွေပဲ အသင်းမှာရှိပါတယ်၊ ဒီအတွက်ကြောင့် တွေ့မြင်နိုင်တဲ့ ပုံစံတွေကိုပဲ ရယူပြီး အသင်းအထိုင်ကျဖို့အတွက် ကြိုးစားနေခဲ့ပါတယ်၊ တစ်မိနစ်လောက်ကစပြီး ကျွန်တော်တို့ တိုက်ပွဲဝင်ခဲ့ရပါတယ်၊ ကစားသမားတွေက သူတို့လုပ်သင့်နိုင်တဲ့ပုံစံမျိုးနဲ့ မကစားနိုင်ခဲ့ပါဘူး၊ ကျွန်တော်လညး် ကစားသမားဖြစ်ခဲ့ဖူးပါတယ်"

"အသင်းက ပုံမှန်အားဖြင့် စွမ်းဆောင်ရည်နှေးကွေးနေခဲ့ပြီး ပြေးလွှားဖို့လည်း ဆန္ဒမရှိခဲ့ကြပါဘူး၊ ပြီးတော့ ယုံကြည်မှုကင်းမဲ့နေပါတယ်၊ ပိုကောင်းတဲ့အသင်းရဲ့ အနိုင်ယူခြင်းကို ခံခဲ့ရတာပါ" လို့ လမ်းပတ်က ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ ရာသီအစပိုင်းမှာတော့ ချယ်လ်ဆီးဟာ ရလဒ်တွေ ကောင်းမွန်ခဲ့ပေမယ့် ပွဲဆက်များလာတာနဲ့အမျှ ခြေစွမ်းကျဆင်းခဲ့ပြီး ရလဒ်တွေလည်း ဆိုးဝါးလာခဲ့တာဖြစ်ပါတယ်။ 


Author


က္က