ယနေ့ညမှာ ဖူဟမ်နဲ့ ကစားရမှာပါ။
Kyaw Ko Ko Sint

လေဆာလို ‌ဦးတည်ချက် ‌တည့်တည်မတ်မတ်ထားကာ ပြိုင်ပွဲကို ယှဥ်ပြိုင်ဖို့ ဆိုးလ်ရှားက ကစားသမားတွေကို တိုက်တွန်းထားတာပါ။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက မိမိတို့အနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်ရောက်ဖို့ဆိုရင် လာမယ့် ဖူဟမ်နဲ့ပွဲမှာ “လေဆာအာရုံစူးစိုက်မှု”ထားရမယ်လို့ သွယ်ဝိုက် တိုက်တွန်းလိုက်ပါတယ်။



အဓိကကတော့ လေဆာမီးတန်းလိုပဲ အာရုံထွေးပြားခြင်းအလျဥ်းမရှိ ပြိုင်ပွဲနိုင်ပွဲသာ ဦးတည်ချက် တည့်တည့်မတ် မတ်နဲ့ ရင်ဆိုင်ရမယ်လို့ ပြောခဲ့တာပါ။

ဖူဟမ်ကို အနိုင်ရလိုက်ပါက ယူနိုက်တက်အသင်းဟ ပထမအကျော့ နောက်ဆုံး ပွဲမကစားခင်အချိန်အထိ သေချာပေါက် အဆင့် ၁နေရာမှာ ရပ်တည်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့ အခုချိန်မှာ ရာသီတစ်ဝက်ကို ရောက်လာပါပြီ။ ဒါပေမယ့် တစ်ခုသိထားရမှာက ဘာပဲ ဖြစ်ဖြစ် မှားလိုက်တာနဲ့ အောက်ပြန်ကျသွားနိုင်သလို ခြေစွမ်းလေး အနည်းငယ်မှန်လိုက်ရုံနဲ့လည်း ထိပ်ဆုံးမှာ ရပ်တည် နေနိုင်မှာပါ။ အခု ကျွန်တော်တို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ဒါကလည်း ရှေ့ဆက်သွားမယ့် လမ်းတွေ အတွက် ခွန်အားတွေ ဖြစ်လာစေမှာပါ။ အဆုံးသတ်မှာ ကျွန်တော်တို့ ဆုဖလား ကိုင်မြှောက်နိုင်မယ်လို့ ယုံကြည် ထားပါတယ်။”လို့ ဆိုးလ်ရှားက ပြောလာပါတယ်။

ယနေ့မနက်က ကစားခဲ့တဲ့ လက်စတာနဲ့ ချဲလ်ဆီးပွဲမှာ လက်စတာအသင်းက အနိုင်ရလိုက်လို့ လက်ရှိအချိန်မှာ အမှတ်ပေးဇယားကို လက်စတာက ဦးဆောင်နေတာပါ။

“ဒီရာသီမှာ အမှတ်ပေးဇယား ဦးဆောင်သူက ခဏခဏပြောင်းနေပါတယ်။အရေးအကြီးဆုံးက နောက်ဆုံးမှာ ဘယ်သူက ထိပ်ဆုံးမှာရပ်တည်နေမလဲဆိုတာပါပဲ။အခုချိန်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးမနေသင့်သေးပါ ဘူး။”လို့လည်း ဆိုးလ်ရှားက ပြောပါသေးတယ်။

ယူနိုက်တက်အသင်းကတော့ ယနေ့ည မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၂နာရီ၄၅မှာ ဖူဟမ်အသင်းရဲ့ အိမ်ကွင်း ကရာဗင်ကော့တေ့စ်မှာ သွားရောက်ကစားရပါမယ်။


Author


က္က