၄ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုနဲ့အတူ အဆင့် ၄အထိ ဆင်းသက်ရပ်တည်နေရပါတယ်။
Kyaw Ko Ko Sint

လီဗာပူးအသင်းဟာ လိဂ်နောက်ဆုံး ၄ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ၃ပွဲသရေ ၁ပွဲရှုံးရလဒ်နဲ့ ရဂိုးကလည်း အဆိုပါ ၄ပွဲမှာ တစ်ဂိုးသာ သွင်းယူထားနိုင်လို့ အဆင့် ၄အထိ ဆင်းသက်ရပ်တည်နေရပါတယ်။

လီဗာပူးအသင်းဟာ ၂၀၁၅ခုနှစ်နောက်ပိုင်း ၅နှစ်အတွင်းမှာ အဆိုးရွားဆုံး ပရီးမီးယားလိဂ် ပွဲစဥ်ဖြတ်သန်းမှုနဲ့ ရင်ဆိုင်နေရပါတယ်။



ဒါကတော့ လိဂ် နောက်ဆုံး ၄ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားသလို ၃ပွဲမှာလည်း လုံးဝဂိုးသွင်းယူနိုင်ခြင်း မရှိထားတာ ဖြစ်ပါတယ်။

ဒီအခြေအနေအပေါ်မှာတော့ ပရိသတ်တွေအနေနဲ့ စိတ်လျော့ထားဖို့နဲ့ ပြောင်းလဲပစ်လို့ မရတဲ့ အရာတွေအပေါ်မှာ ခံစား မနေကြဖို့ ကလော့ပ်က ဆိုလာပါတယ်။

“ဒီအကြောင်းကို အချိန်တိုင်းပြောနေဖို့လိုတယ်ဆိုတာ ကျွန်တော်နားလည်ပေမယ့် ကုန်လွန်ခဲ့တဲ့ မိနစ်တွေကို တော့ မပြောင်းလဲပစ်နိုင်ပါဘူး။ဒါကြောင့် အေးဆေး စိတ်လျော့ထားကြပါ။ဒါဟာ ကပ်ဆိုးတစ်ခုမဟုတ်သေးပါ ဘူး။မပြည့်စုံဘူးဆိုပေမယ့် ယူနိုက်တက်နဲ့ပွဲတုန်းက အသင်းမှာ ကောင်းတဲ့ လက္ခဏာတွေ မြင်တွေ့နေရပါတယ်။” လို့ ကလော့ပ်က ဆိုပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးကတော့ ဘန်လေအသင်းကို ယနေ့ည(မြန်မာစံတော်ချိန် သောကြနံနက် ၂ခွဲ)မှာ အိမ်ကွင်း ဧည့်ခံကစားရပါမယ်။

လီဗာပူးအသင်းဟာ ပဲလေ့စ်ကို ၇ဂိုးပြတ်အနိုင်ရပြီးနောက် ဝက်စ်ဘရွန်းကို အိမ်ကွင်းမှာ တစ်ဂိုးစီသရေကျခဲ့ပါ တယ်။ အဲ့နောက် နယူးကာဆယ်နဲ့ဂိုးမရှိ သရေထပ်မံကျသလို ဆောက်သမ်တန်ကိုလည်း ၁-၀နဲ့ ဆက်ရှုံးပါတယ်။

နောက်ဆုံးကစားထားတဲ့ ယူနိုက်တက်နဲ့ပွဲမှာလည်း အိမ်ကွင်းမှာ ဂိုးမရှိ သရေထပ်မံကျခဲ့လို့ နောက်ဆုံး လိဂ် ၄ပွဲမှာ ၃ပွဲသရေ ၁ပွဲရှုံးပြီး ရဂိုးကလည်း တစ်ဂိုးသာ ရရှိထားတာပါ။

ဒီလို ရလဒ်တွေ ဆက်တိုက် ကျဆင်းနေရတဲ့ အဓိက အအကြောင်းရင်းကလည်း အဓိက ကစားသမားအချို့ ဒဏ် ရာတွေကြောင့် နားနေရလို့ ဖြစ်ပါတယ်။

ဗန်ဒိုက်နဲ့ ဂျိုးလ်ဂိုမက်ဇ် ဒဏ်ရာအသီးသီးကြောင့် ကာလရှည်နားနေရသလို အခြား ကစားသမားတွေလည်း ပွဲစဥ် တွေ ရက်မခြားပဲ ကစားနေရလို့ ဒီကာလအတွင်း အတော်များများ ဒဏ်ရာတွေရပြီး လူမစုံ ဖြစ်နေခဲ့ရတာတွေ ကြောင့် ဖြစ်ပါတယ်။

“ကျွန်‌တော်တို့ ဂိုးတွေမသွင်းနိုင်ဘူး၊ဒါပါပဲ။ကျွန်တော်တို့ အလုပ်ပိုလုပ်ရမယ်ဆိုတာ သိသာပါတယ်။သေချာတာက အခုရောက်နေတဲ့နေရာက ကျွန်တော်တို့ ရောက်ချင်တဲ့ နေရာတော့ မဟုတ်ပါဘူး။”လို့ ကလော့ပ်က ဆက်လက် ဆိုပါသေးတယ်။

ယနေ့ညကစားမယ့် ဘန်လေနဲ့ပွဲမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်တဲ့ ဂျိုးလ်မာတစ် ပြန်လည်ပါဝင် လာဖို့ရှိပေမယ့်လည်း ဒူးဒဏ်ရာရထားတဲ့ တိုက်စစ်မှူး ဂျိုတာကတော့ ရက်သတ္တပတ် အနည်းငယ် ထပ်မံ နားဖို့ လိုသေးတယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က