ကိုဗစ် ကူးစက်ခံရသလို လက္ခဏာအချို့လည်း ပြနေလို့ ဆရာဝန်နဲ့ ပြသနေရတယ်လို့ သိရပါတယ်။

ကိုဗစ်ကူးစက်ခံထားရတဲ့ အဂူရိုဟာ ဒဏ်ရာကြောင့် အသင်းနှင့်အတူ ပူးပေါင်းပါဝင်နိုင်ခြင်း မရှိရာမှ ယခုအခါ တစ်ဦးတည်းသီးသန့် နေထိုင်ပြီး ဆေးထပ်မံ ကုသမှု ခံယူရဦးမှာ ဖြစ်ပါတယ်။

မိမိမှာ ကိုဗစ် ကူးစက်ခံထားရပြီ ဖြစ်လို့ တစ်ဦးတည်း သီးသန့် နေထိုင်နေရပြီ ဖြစ်သလို အခြား ဆက်စပ်ထားမိသူ တွေကိုလည်း ရာဇဝင်ရှာဖွေ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ မန်ချက်စတာ စီးတီးအသင်း တိုက်စစ်မှူး အဂူရိုက ထုတ်ဖော်ပြောလာပါတယ်။



အဂူရိုကတော့ ယခုနှစ်ဘောလုံးရာသီမှာ ဒဏ်ရာတွေနဲ့ နပန်းလုံးနေရပြီး ဇန်နဝါရီလ ၃ရက်ကတည်းက အသင်းနဲ့ ပါဝင်ကစားပေးနိုင်ခြင်း မရှိသူပါ။

“ကိုဗစ်ရှိသူနဲ့ ထိတွေ့ခဲ့မိလို့ ကျွန်တော်လည်း ကိုဗစ် ကူးစက်ခံထားရပါပြီ။ဒါကြောင့် သီးသန့်နေထိုင်နေရပြီး နောက်ဆုံး ဆေးထပ်စစ်ထားတဲ့ အဖြေမှာလည်း ပိုးရှိနေပါသေးတယ်။

လက္ခဏာအချို့လည်း ပြသနေလို့ ဆရာဝန် နဲ့ ပြသနေရပါတယ်။အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ကြပါ။”လို့ အဂူရိုက သူ့ရဲ့ တွစ်တာမှာရေးသားဖော်ပြထားပါ တယ်။

မန်စီးတီးအသင်းကတော့ ပြီးခဲ့တဲ့ ဗီလာနဲ့ပွဲမှာ ၂-၀ဂိုးနဲ့ အနိုင်ရခဲ့လို့ ၁၇ပွဲကစား ၃၅မှတ်ရရှိပြီး အဆင့် ၂နေရာမှာ ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က