အမှတ်ပေးပွဲ နောက်ဆုံးငါးပွဲမှာ သွင်းဂိုးတစ်ဂိုးသာ ရရှိခဲ့ပါတယ်။
Pyae Phyo Thein

လီဗာပူးလ်ဟာ ၂၀၁၇ ဧပြီလမှာ ပဲလေ့စ်ကို အရေးနိမ့်ခဲ့ပြီးနောက် အိမ်ကွင်းရှုံးပွဲမရှိတော့ဘဲ ၆၈ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို တင်နိုင်ခဲ့ပြီး ရက်ပေါင်း ၁၃၆၉ အကြာမှာ ပထမဆုံးရှုံးပွဲကို ပြန်လည်ရင်ဆိုင်ခဲ့ရပါတယ်။


မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ ရဲ့ ကျန်ပွဲဖြစ်တဲ့ လီဗာပူးလ်နဲ့ ဘန်လေပွဲစဉ်မှာတော့ လက်ရှိချန်ပီယံတို့ အရေးနိမ့်သွားခဲ့ပါတယ်။ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် လီဗာပူးလ်တို့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ၄ နှစ်နီးပါးကြာ အိမ်ကွင်းရှုံးပွဲမရှိခဲ့တဲ့ စံချိန်လည်း ကျိုးပျက်ခဲ့ရသလို အမှတ်ပေးဇယားမှာလည်း မန်ချက်စတာအသင်းတွေနဲ့ ကွာဟချက်ပိုမိုများပြားလာခဲ့ပြီဖြစ်ပါတယ်။



ပရီးမီးယားလိဂ်နောက်ဆုံး ၄ ပွဲမှာ သွင်းဂိုးတစ်ဂိုးတည်းရရှိထားခဲ့ပေမယ့် ကလော့ပ်က ဖာမီနိုနဲ့ ဆာလာကို အနားပေးခဲ့ပြီး အော်ရီဂီနဲ့ ချိန်ဘာလိန်ကို မာနေးနဲ့ တွဲဖက်ပေးခဲ့ပါတယ်။ အော်ရီဂီရဲ့ အပိုင်အခွင့်အရေးလွဲချော်မှုတွေ၊ နစ်ပုပ်ရဲ့ လက်စွမ်းပြကာကွယ်မှုတွေကြောင့် လီဗာပူးလ်တို့ ဂိုးမရခဲ့ဘဲ ၈၃ မိနစ်မှာ ပေးခဲ့ရတဲ့ ပင်နယ်တီကြောင့် အိမ်ကွင်းမှာ အရေးနိမ့်ကာ ခေါင်းငိုက်စိုက်ခဲ့ရပါတယ်။ 

အက်ရှ်လေဘားနက်စ်က သွင်းယူပေးခဲ့တာဖြစ်ပြီး အန်ဖီးလ်မှာ ဘန်လေတို့ နှစ်ပေါင််းများစွာနိုင်ပွဲမရခဲ့တဲ့ မှတ်တမ်းကိုလည်း ချိုးဖျက်နိုင်ခဲ့ပါတယ်။ လီဗာပူးလ်အတွက်တော့ တော်တော်လေးကို ဆိုးရွားတဲ့ရှုံးပွဲဖြစ်ပြီး ယူနိုက်တက်နဲ့ ၆ မှတ်ကွာဟခဲ့သလို စံချိန်မှတ်တမ်းကောင်းတွေ ဆုံးရှုံးခဲ့ရပြီး နောက်ဆုံးငါးပွဲမှာ သွင်းဂိုးတစ်ဂိုးတည်းသာရတဲ့အထိ အခြေအနေဆိုးရွားနေခဲ့ပါတယ်။
 


လီဗာပူးလ်ဟာ ၂၀၁၇ ဧပြီလမှာ ပဲလေ့စ်ကို အရေးနိမ့်ခဲ့ပြီးနောက် အိမ်ကွင်းရှုံးပွဲမရှိတော့ဘဲ ၆၈ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို တင်နိုင်ခဲ့ပြီး ရက်ပေါင်း ၁၃၆၉ အကြာမှာ ပထမဆုံးရှုံးပွဲကို ပြန်လည်ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုအရေးနိမ့်ခဲ့လို့လည်း အင်္ဂလန်သမိုင်းမှာ ဒုတိယမြောက်အရှည်ကြာဆုံး အိမ်ကွင်းရှုံးပွဲမရှိစံချိန်နဲ့သာကျေနပ်ခဲ့ရပြီး ချယ်လ်ဆီးရဲ့ ၈၆ ပွဲစံချိန်ကို လိုက်မမီနိုင်တော့ဘဲ ရှိခဲ့ပါတယ်။ 

ခံစစ်ပိုင်းကစားသမားတွေ ဒဏ်ရာပြသနာရှိနေသလို ပွဲတွေဆက်တိုက်ကစားလာရချိန်မှာ လီဗာပူးလ်ခြေစွမ်းက ကျဆင်းလာခဲ့ပြီး ရလဒ်တွေလည်းဆိုးရွားလာခဲ့ပါတယ်။ လက်ရှိပုံစံအတိုင်းဆိုရင်တော့ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ ခက်ခဲနေမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ရဖွယ်လည်းရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က