ဟာဗက်ကို ဒီဘရိုင်း ဆာလာတို့ရဲ့ အဖြစ်နဲ့ နှိုင်းပြီး ပျားရည်နဲ့ ဝမ်းချခဲ့တာပါ။

လမ်းပတ်ရဲ့ ပြောစကားအရ ကိုင်ဟာ ဒီဘရိုင်းတို့ ဆာလာတို့ရဲ့ လမ်းစဥ်အတိုင်း သွားရဖို့ ရှိနေပြီး သန်း ၇၀တန် ဟာ ချက်ခြင်း အသုံးမဝင်ဖြစ်လာရင်တော့ နောက်လူ ကောင်းစားမယ့် အဖြစ်နဲ့ တိုးဖို့ များနေပါတယ်။

လေဗာကူဆင်အသင်းက ခေါ်ယူထားတဲ့ အသက် ၂၁နှစ်အရွယ် ကိုင်ဟာဗက်ရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီး အမျိုး မျိုးဝေဖန်နေကြတဲ့ အပေါ် နည်းပြ ဖြစ်သူ လမ်းပတ်က တုံ့ပြန် ချေပခဲ့ပါတယ်။



ဒါပေမယ့် မိမိကစားသမားကို ကာကွယ်ပေးချင်စိတ် များသွားပြီး မိမိရဲ့စကားဟာ ဘယ်လို လားရာ ရောက်သွား လဲဆိုတာ မသိခဲ့တဲ့ လမ်းပတ်ရဲ့ အဖြစ်ကြောင့် ချဲလ်ဆီးပရိသတ်တွေအတွက်တော့ ထိတ်လန့်ဖွယ်ပါပဲ။

အကြောင်းကတော့ လက်စတာကို ၂-၀နဲ့ ရှုံးခဲ့တဲ့ပွဲက ကိုင်ဟာဗက်ရဲ့ ခြေစွမ်းနဲ့ အမူအရာ ဆက်သွယ်မှု လုပ် ဆောင်ချက် အားနည်းမှုတွေ ရှိတဲ့အပေါ် ချဲလ်ဆီး၊လက်စတာနဲ့ ဂျာမနီ ကစားသမားဟောင်း ရောဘတ်ဟုခ်က ဝေဖန်ပြောဆိုလာပါတယ်။

ဒီလို ပြောရကောင်းလားဆိုပြီး လမ်းပတ်က သူ့တပည့် ပေါင်သန်း ၇၀တန်ကြီးအတွက် ကာကွယ်ပြောဆို ပေးခဲ့ပါ တယ်။

“ကိုင်ရဲ့ လုပ်ဆောင်ချက်တွေဟာ အသင်းရှုံးတဲ့ရလဒ်ရဲ့ တစ်စိတ်တစ်ပိုင်းတောင် မပါပါဘူး။အခုချိန်မှာ သူ ယုံကြည်မှု အပြည့်ရှိရဲ့လား?ဆိုတဲ့မေးခွန်းအတွက်ဆိုရင်တော့ နိုးလို့ပဲ ဖြေရပါမယ်။အကြောင်းကတော့ သူဟာ ခက်ခဲတဲ့ အချိန်တွေမှာ ရင်ဆိုင်နေရပါတယ်။မှတ်မိကြမယ်ဆိုရင် ဒီဘရိုင်းနဲ့ ဆာလာတို့ကို နမူနာပြောချင်ပါ တယ်။သူတို့နှစ်ဦးလည်း ကိုင်ရဲ့ အခု အသက်အရွယ်မှာတုန်းက အသင်းမှာ ရုန်းကန်ခဲ့ရပြီး အသင်းတွေ ကိုယ်စီ ပြောင်း အချိန်တွေ အများကြီးယူပြီးမှ အခုလို ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးကစားသမားတွေအဖြစ် ပြန်မြင်နေရ တာပါ။”လို့ လမ်းပတ်က လူတန်နဲ့ ကစားမယ့် အက်ဖ်အေပွဲအတွက်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်း ထောက်ကို ပြောခဲ့တာပါ။

လမ်းပတ်ရဲ့ ပြောစကားကြောင့် ကိုင်ဟာ ဒီဘရိုင်းနဲ့ ဆာလာတို့နည်းတူ အခု အသက်အရွယ်မှာ ပရိသတ်တွေ မျှော်လင့်သလို ဖြစ်လာဦးမှာ မဟုတ်ပဲ အချိန်တစ်ခုယူပြီး ဒါမှမဟုတ် အသင်းတွေ ပြောင်းကာ အတွေ့အကြုံတွေ ယူပြီးမှသာ ထိပ်သီး ကစားသမားတစ်ဦး ဖြစ်လာမယ့်ဟန် ဖြစ်နေပါတယ်။

ဒီစကားကို ချဲလ်ဆီးပရိသတ်တွေသိရင်တော့ ဒီလို ကစားသမားကို ပေါင် သန်း ၇၀နဲ့ ပေးဝယ်ခဲ့တဲ့ လမ်းပတ်ရဲ့ အတွေးကိုတော့ နားလည်နိုင်လိမ့်မယ်လို့ မထင်မိပါဘူး။

လမ်းပတ်က ဆက်ပြောပါသေးတယ်-“ သူ့ပုခုံးပေါ် ကျွန်တော် ဖိအားတွေ အများကြီး မတင်ပေးချင်သေးပါဘူး။ လူငယ်ကစားသမားတစ်ယောက် ပရီးမီးယားလိဂ်ကို ရောက်လာရင်တော့ အချိန်တစ်ခုပေးရပါလိမ့်မယ်။ စိတ်ရှည် စွာ စောင့်ကြည့်ပေးကြပါ။”လို့ လမ်းပတ်က ဆိုပါသေးတယ်။

ဟာဗက်ကတော့ ချဲလ်ဆီးမှာ လိဂ် ၁၆ပွဲကစားထားရာမှာ တစ်ဂိုးသွင်း သုံးဂိုးဖန်တီးထားကာ ချန်ပီယံလိဂ်မှာတော့ ၅ပွဲကစားပြီး ၂ဂိုးဖန်တီးပေးထားနိုင်ပါတယ်။

အလားတူ အက်ဖ်အေဖလားမှာလည်း တစ်ပွဲကစား တစ်ဂိုးသွင်းတစ်ဂိုးဖန်တီးကာ လိဂ်ဖလားမှာတော့ တစ်ပွဲ ကစား ၃ဂိုးသွင်းထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က