၂၂ ဦးစာရင်းမှာ ကစားသမားသစ် အာမက်တော့ ပါဝင်လာခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် လင်ဂတ်ကို ဝက်စ်ဟမ်း၊ စပါးနဲ့ ရှက်ဖီးတို့ကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်နေပြီး မော်ရင်ဟိုရဲ့စပါးကသာ အမှန်တကယ်ကမ်းလှမ်းခဲ့မယ်ဆိိုရင် ပြောင်းရွှေ့နိုင်ချေရှိပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်လူဂျက်ဆီလင်ဂတ်ဟာ အသင်းရဲ့ ကစားသမား ၂၂ဦးစာရင်းကနေ ချန်လှပ်ခံလိုက်ရပြီဖြစ်ပါတယ်။ လက်ကျန်ဘောလုံးရာသီအတွက် အသင်းလူစာရင်းကို ဆိုးလ်ရှားက ရွေးချယ်ခဲ့တာဖြစ်ပြီး အသစ်ရောက်ရှိလာတဲ့ လူငယ်ကြယ်ပွင့် အာမက်ဒီယာလိုကိုတော ့အသင်းကြီးလူစာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။

လင်ဂတ်အနေနဲ့ အသင်းကြီးမှာ ပါဝင်ခွင့်မရတော့တာကြောင့် လေ့ကျင့်ခန်းဆင်းခွင့်သာ ရရှိတော့မှာလည်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အသင်းသစ်ရှာဖွေဖို့ လိုအပ်နေပြီဖြစ်ပြီး သူ့ရဲ့အေးဂျင့်ရွိုင်အိုလာအတွက်တော့ အလုပ်ရှု့ပ်လာတော့မှာဖြစ်ပါတယ်။ လင်ဂတ်ကို ဗလန်စီယာ၊ အေစီမီလန်နဲ့ အဲဗာတန်တို့က စိတ်ဝင်စားနေတယ်လို့ သိရပေမယ့် ကစားသမားရဲ့ လုပ်ခလစာက အဟန့်အတားဖြစ်နေပါတယ်။ 

မော်ရင်ဟိုလက်ထက်မှာ အဓိကကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ လင်ဂတ်ဟာ ဆိုးလ်ရှားလက်အောက်မှာတော့ နေရာပျောက်ခဲ့ရပါတယ်။ တစ်ဖက်မှာတော့ ဒီယာလိုကို ဆိုးလ်ရှားက ယုံကြည်မှုပေးခဲ့ပြီး လက်ကျန်ရာသီဝက်မှာ သူ့ခြေစွမ်းကို ပရိသတ်တွေ မြင်တွေ့ရဖို့ရှိနေပြီး ဘယ်လောက်ထိ အစွမ်းပြနိုင်မလဲဆိုတာက စိတ်ဝင်စားဖွယ်ရာ ကောင်းလာခဲ့ပါတယ်။ 


အသက် ၂၈ နှစ်အရွယ် လင်ဂတ်ကို ဝက်စ်ဟမ်း၊ စပါးနဲ့ ရှက်ဖီးတို့ကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်နေပြီး မော်ရင်ဟိုရဲ့စပါးကသာ အမှန်တကယ်ကမ်းလှမ်းခဲ့မယ်ဆိိုရင် ပြောင်းရွှေ့နိုင်ချေရှိပါတယ်။ မန်ချက်စတာညနေခင်းသတင်းစာရဲ့ ဖော်ပြချက်အရတော့ လင်ဂတ်ဟာ ဒီရာသီမှာ အသင်းအတွက် ကာရာဘောင်းဖလား ၂ပွဲ နဲ့ အက်ဖ်အေဖလား ၁ပွဲတည်းသာ ကစားပေးထားခဲ့ရတယ်လို့ သိရပါတယ်။ 


က္က