ဆောက်သမ်တန်နဲ့ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့သူတွေဖြစ်ပါတယ်။

ဝီလီယံနဲ့ ပီပီတို့က အသင်းတိုက်စစ်ပိုင်းကို ဦးဆောင်ခဲ့ရပေမယ့် ခြေစွမ်းမပြနိုင်ခဲ့သလို အမှားအယွင်းတွေလည်း ရှိနေခဲ့ကာ ပရိသတ်တွေကလည်း သူတို့နှစ်ဦးရဲ့ ခြေစွမ်းကို ဝေဖန်မှုတွေလုပ်ခဲ့ကြပါတယ်။ 


အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ အလန်စမစ်က ဝီလီယံနဲ့ ပီပီတို့ဟာ အသင်းအတွက် ပြသနာအဖြစ်ရှိနေတဲ့ ကစားသမားတွေဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဆောက်သမ်တန်ကို အရေးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ အသင်းအတွက် ခြေစွမ်းမပြနိုင်သူနှစ်ဦးကို ပြစ်တင်ဝေဖန်ခဲ့တာလည်းဖြစ်ပါတယ်။



လက်ရှိချန်ပီယံအာဆင်နယ်ဟာ အဝေးကွင်းမှာ ဂါဘရီရယ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် အရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲကထွက်ခွာခဲ့ရပါတယ်။ ဝီလီယံနဲ့ ပီပီတို့က အသင်းတိုက်စစ်ပိုင်းကို ဦးဆောင်ခဲ့ရပေမယ့် ခြေစွမ်းမပြနိုင်ခဲ့သလို အမှားအယွင်းတွေလည်း ရှိနေခဲ့ကာ ပရိသတ်တွေကလည်း သူတို့နှစ်ဦးရဲ့ ခြေစွမ်းကို ဝေဖန်မှုတွေလုပ်ခဲ့ကြပါတယ်။ 

Stadium Astro ကတဆင့် အလန်စမစ်က "အခုက ပီပီရဲ့ ဒုတိယမြောက်ရာသီပါ၊ ဒီအတွက်ကြောင့် နိုင်ငံသစ်၊ လိဂ်အသစ်မှာ အထိုင်ကျအောင် သူ အချိန်ယူရမယ်ဆိုတာက မဖြစ်သင့်တော့ပါဘူး၊ သူက မှော်ဆန်တဲ့အခိုက်အတန့်တွေကို လုပ်ပြနိုင်တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အတွင်းကိုချိုးဝင်ကာ ဂိုးအပေါ်ထောင့်ကို ကန်သွင်းနိုင်တဲ့ ကစားသမားပါ၊ ဒါပေမယ့်လည်း သူ့ရဲ့ ဘောလုံးဉာဏ်ရည်ဉာဏ်သွေးက အချိန်တခဏလောက်လေးပဲ ရှိနေပါတယ်"

"သူ့အတွက် အသင်းက ငွေကြေးအများကြီးအသုံးပြုပြီး ခေါ်ယူထားခဲ့တာပါ၊ အခုချိန်မှာ သူ့ကိုပြန်ရောင်းရင် အများကြီးဆုံးရှုံးမှာပါ၊ ဒါက နောက်ထပ်ပြသနာတစ်ခုဖြစ်နေပါတယ်၊ အိုဇေးလ်ပြသနာကို သူတို့ဖယ်ရှားခဲ့ပြီးဖြစ်ပေမယ့် ဝီလီယံနဲ့ ပီပီတို့ရဲ့ ပြသနာက ရှိနေပြန်ပါပြီ၊ ဝီလီယံရဲ့ ပြသနာကလည်း ခံယူချက်ကနေလာတာပါ၊ ချယ်လ်ဆီးမှာ အပတ်တိုင်း ဂိုးတွေရနေတဲ့ကြောင့် သူ့အတွက် အာတီတာက ရင်းနှီးခဲ့တာပါ"

"အခုလက်ရှိအခြေအနေဆိုရင် အာတီတာအတွက်တော့ သူ့မျက်နှာကိုအထိုးခံနေရသလိုဖြစ်နေမှာပဲ။ အိုဇေးလ် အသင်းကနေ ထွက်သွားဖို့ သူ ခက်ခက်ခဲခဲလုပ်ခဲ့ရပါတယ်၊ အခု ဝီလီယံနဲ့ ပီပီတို့လာပြန်ပြီ၊ ဒီကစားသမားတွေနဲ့ သူ ဘာလုပ်နိုင်လဲဆိုတာကို ကြည့်ရပါမယ်" လို့ ပြောဆိုခဲ့ပါတယ်။ ပီပီကတော့ အာဆင်နယ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်ကာ ပေါင်သန်း ၇၀ နဲ့ ခေါ်ယူခဲ့ရပြီး ဝီလီယံကတော့ အလွတ်ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က