ယူနိုက်တက်ကိုအရေးနိမ့်အပြီး တွစ်တာပေါ်မှာ ရေးသားပြောဆိုနေကြတာပါ။
Pyae Phyo Thein

နောက်ဆုံးလေးပွဲဆက်တိုက်ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပေမယ့် မဟာပြိုင်ဘက်ကြိးကို အရေးနိမ့်ခဲ့တာကြောင့် အသင်းပရိသတ်တွေဟာ ကလော့ပ်ကို မကျေမနပ်ဖြစ်နေခဲ့ကြပြီး အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ လက်ရှိရိန်းဂျားနည်းပြဂျရတ်နဲ့ အစားထိုးဖို့ ပြောဆိုလာခဲ့ကြပါတယ်။ 


လီဗာပူးလ်နည်းပြယာဂင်ကလော့ပ်ရဲ့ အန်ဖီးလ်ပဲ့ကိုင်ရှင်ဘဝဟာ အမှောင်ဖုံးမှုတွေရှိလာခဲ့ပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ပြီးခဲ့တဲ့ ၂ရာသီမှာ ရယူနိုင်ပေးခဲ့တဲ့ နည်းပြကြီးဟာ လက်တလောမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပြီး နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံငါးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေကာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ 

မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလားစတုတ္ထအဆင့်မှာလည်း မန်ချက်စတာယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့ကာ ပြိုင်ပွဲကထွက်ခွာခဲ့ရပါတယ်။ နောက်ဆုံးလေးပွဲဆက်တိုက်ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပေမယ့် မဟာပြိုင်ဘက်ကြိးကို အရေးနိမ့်ခဲ့တာကြောင့် အသင်းပရိသတ်တွေဟာ ကလော့ပ်ကို မကျေမနပ်ဖြစ်နေခဲ့ကြပြီး အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ လက်ရှိရိန်းဂျားနည်းပြဂျရတ်နဲ့ အစားထိုးဖို့ ပြောဆိုလာခဲ့ကြပါတယ်။ 

Fat.Bald.Old.Married ဆိုတဲ့ တွစ်တာအသုံးပြုသူတစ်ဦးက "ကျွန်တော့်သူငယ်ချင်း လီဗာပူးလ်ပရိသတ်တစ်ဦးက တကယ်လို့ စပါးကိုသာ ထပ်ပြီးရှုံးနိမ့်ခဲ့မယ်ဆိုရင် ကလော့ပ်နေရာကို စတီဗင်ဂျရတ်နဲ့ အစားထိုးရလိမ့်မယ်လို့ ပြောပါတယ်" လို့ ရေးသားခဲ့ပါတယ်။ Shaun Maxwell ဆိုသူကလည်း "ရိန်းဂျားနည်းပြဘဝပွဲပေါင်း ၁၅၀ မြောက်မှာ ၅-၀ နဲ့ အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဂျရတ်က ကလော့ပ်နေရာအစားထိုးဖို့ ရေပန်းစားနေပြီ" လို့ ရေးသားခဲ့ပါတယ်။ 

နောက်ထပ်တစ်ဦးကလည်း "ကျွန်တော့် အဆက်အသွယ်တွေပြောတာဆိုရင်တော့ ကလော့ပ်ကို နောက်ထပ် ၃ပွဲပဲ စောင့်ကြည့်သွားဖို့ရှိပါတယ်၊ ရလဒ်သာမကောင်းခဲ့ဘူးဆိုရင်တော့ ကလော့ပ်နေရာကို ဂျရတ်ကအစားဝင်လာလိမ့်မယ်" လို့ ရေးသားခဲ့ပါတယ်။ စတီဗင်ဂျရတ်ကတော့ ဒီရာသီ စကော့တလန်လိဂ်မှာ ရိန်းဂျားကို ရှုံးပွဲတစ်ပွဲတည်းသာရှိအောင် ကိုင်တွယ်ပေးထားပြီး မဟာပြိုင်ဘက်ဆဲလ်တစ်နဲ့ အမှတ်များစွာကွာဟအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။


ရိန်းဂျားနည်းပြဘဝ ပွဲပေါင်း ၁၅၀ မှာ ဂျရတ်က နိုင်ပွဲ ၉၈ ပွဲအထိ ရရှိထားပြီး ၃၂ပွဲသရေကျကာ ၂ဝပွဲအရေးနိမ့်ခဲ့ပါတယ်။ သွင်းဂိုးကတော့ ၃၂၁ ဂိုးအထိ ရရှိထားခဲ့ကာ ၉၉ ဂိုးသာပြန်ပေးခဲ့ရပြီး သူ့ရဲ့နည်းပြဘဝအစဟာ တော်တော်လေးကောင်းမွန်နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ 


Author


က္က