ယူနိုက်တက်ရဲ့ ပွဲအများစုကို ပါဝင်ကစားပေးခဲ့ရသူဖြစ်ပါတယ်။

ဖာနန်ဒက်စ်ကတော့ ယူနို်က်တက်ရဲ့ အဓိကကစားသမားဖြစ်ပြီး အသင်းကို ရောက်ရှိလာချိန်ကတည်းကစကာ ပွဲတိုင်းနီးပါးကို ပါဝင်ကစားပေးခဲ့ရသူဖြစ်ပါတယ်။


လီဗာပူးလ်နဲ့ပွဲစဉ်မှာ ဗန်ဒီဘိခ်ကို ပွဲထုတ်ခဲ့ပြီး မိမိကို အရန်ကစားသမားစာရင်းမှာ ထားရှိခဲ့တဲ့အပေါ် ကျေနပ်မိတယ်လို့ ယူနိုက်တက်ကွင်းလယ်လူဖာနန်ဒက်စ်က ပြောဆိုလိုက်ပါတယ်။ အက်ဖ်အေဖလားပွဲစဉ်မှာ ဆိုးလ်ရှားက ပုံမှန်ကစားခွင့်ဆုံးရှုံးနေတဲ့ ဗန်ဒီဘိခ်ကို ပါဝင်ကစားစေခဲ့ပြီး ဖာနန်ဒက်စ်ကတော့ လူစားဝင်ကစားခဲ့ကာ အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို ပြစ်ဒဏ်ဘောကတဆင့် သွင်းယူပေးနိုင်ခဲ့ပါတယ်။ 

ဗန်ဒီဘိခ်ကတော့ အေဂျက်ဇ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့နောက် ၁ဝပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။ ယူနိုက်တက်ကွင်းလယ်ပိုင်းမှာ ကစားသမားတွေအားလုံးက ခြေစွမ်းပြနေလို့လည်း ဗန်ဒီဘိခ်ကို နေရာပေးဖို့ ခက်ခဲနေတယ်လို့ ဆိုးလ်ရှားက ဝန်ခံခဲ့ပြီး လီဗာပူးလ်နဲ့ပွဲမှာ ပါဝင်ကစားစေခဲ့ကာ ဒီအပေါ်မှာ ဖာနန်ဒက်စ်က အသင်းဖော်ကိုချီးကျူးခဲ့သလို နားလည်ပေးနိုင်ကြောင်းလည်းဆိုခဲ့ပါတယ်။ 


ဖာနန်ဒက်စ်ကတော့ ယူနို်က်တက်ရဲ့ အဓိကကစားသမားဖြစ်ပြီး အသင်းကို ရောက်ရှိလာချိန်ကတည်းကစကာ ပွဲတိုင်းနီးပါးကို ပါဝင်ကစားပေးခဲ့ရသူဖြစ်ပါတယ်။ ဒီအတွက် သူခြေစွမ်းမပြနိုင်တဲ့ ပွဲတွေမှာဆိုရင် ပေါ်တူဂီသားဟာ ပွဲပန်းနေပြီဖြစ်ပြီး မောပန်းနွမ်းနယ်နေပြီလို့ ပြောဆိုမှုတွေရှိခဲ့ပြီး ဒီအပေါ်မှာလည်း ဖာနန်ဒက်စ်က အပြုံးနဲ့သာ တုံ့ပြန်ခဲ့ပါတယ်။ 


"မောနေပြီတဲ့လား? ကျွန်တော့်အသက်က အခုမှ ၂၆ နှစ်ပဲ ရှိသေးတာပါ၊ ဒီလိုအချိန်မှာ မောပန်းနေမယ်ဆိုရင် အသက် ၃၀၊ ၃၂ လောက်ဆို ကျွန်တော်ကစားနိုင်တော့မှာမဟုတ်ဘူး၊ ငါးရက်လောက်နေမှ တစ်ပွဲပဲ ကစားနေရမှာပေါ့၊ မဟုတ်ပါဘူး၊ ကျွန်တော် ပင်ပန်းနွမ်းနယ်နေတာမျိုးမရှိပါဘူး၊ အသင်းအတွက် ဘယ်ဟာက ပိုကောင်းလဲဆိုတာကို နည်းပြကသိပြီးသားပါ"

"ဒီပွဲအတွက် သူက ဒွန်နီကို ရွေးချယ်ခဲ့ပြီး အသင်းကို လန်းဆန်းစေခဲ့ပါတယ်၊ ဒွန်နီအတွက်လည်း ဒါက မျှတပါတယ်၊ ဘာလို့လဲဆိုတော့ သူက လေ့ကျင့်ခန်းကောင်းကောင်းလုပ်နိုင်ခဲ့တယ်၊ ကျွန်တော်တို့အတွက်လည်း အရေးကြီးပါတယ်၊ အနာဂတ်မှာ သူက ပိုပြီးတော့ အရေးပါသထက် ပါလာပါလိမ့်မယ်" လို့ ဖာနန်ဒက်စ်က ပြောဆိုခဲ့ကာ အသင်းဖော်ကိုလည်း အားတက်စေခဲ့ပါတယ်။ 



က္က