ဦးဆောင်ဂိုးအရင်ပေးရပြီးမှ ပွဲပြီးခါနီးဂိုးတွေနဲ့ အနိုင်ရခဲ့တာပါ။

ပထမပိုင်းမှာ သရေကျနေလို့ ဒုတိယပိုင်းမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ကိန်း၊ဆွန်တို့ကို အနားမပေးနိုင် တော့ပဲ ထည့်သွင်းကစားတော့မှ အနိုင်ရလဒ်ကို ၈၆မိနစ်မှာ စတင်ပုံဖော်နိုင်ခဲ့တာပါ။

အသင်း ၂၄သင်းပါဝင်ကစားနေတဲ့ အင်္ဂလန် ဒုတိယတန်းလို့ လူသိများတဲ့ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အဆင့် ၂၄မှာရပ် တည်နေတဲ့ ဝိုင်ကန်ဘီအသင်းကို နည်းပြကြီး စပယ်ရှယ်ဝမ်းဦးဆောင်တဲ့စပါးအသင်းဟာ ဦးဆောင်ဂိုးပေးပြီးမှ နောက်က လိုက်ကစားပြီး အနိုင်ရခဲ့ပါတယ်။



ဝိုင်ကန်ဘီအသင်းက ၂၅မိနစ်မှာ ဦးဆောင်ဂိုးရခဲ့ပြီး ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုကျမှ ဘေးလ်က ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။

အဲ့နောက် အကြိတ်အနယ်ကစားကာ ပွဲပြီးခါနီး ၈၆မိနစ်ကျမှသာ ဟယ်ရီဝင့်ခ်က အနိုင်ဂိုးစသွင်းနိုင်ခဲ့ပြီး အန်ဒွန် ဘီလီက အဲ့နောက်မှာ ၂ဂိုးဆက်လက်သွင်းယူကာ ပွဲအပြီးမှာ ၄-၁ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ဒုတိယပိုင်းမှာ တစ်ဖက်တစ်ဂိုးစီ သရေကျနေချိန်မှာ ဒိတ်ဒိတ်ကြဲ ကစားသမားတွေဖြစ်တဲ့ ကိန်း၊ဆွန်ဟောင်မင် စတဲ့ ကစားသမားတွေကို အလုံးအရင်း ထည့်သွင်းပြီးမှသာ အနိုင်ဂိုးစရခဲ့တာပါ။

“ကျွန်တော်တို့ ရှေ့ဆက်သွားနိုင်ခဲ့ပါပြီ။ဖေဖော်ဝါရီထဲမှာ ပြိုင်ပွဲ ၃ရပ် ကစားဖို့ရှိပါတယ်။အက်ဖ်အေဖလားရော ယူ ရိုပါလိဂ်ရော ကစားဖို့ ရှိနေတာပါ။ခက်ခဲမယ်ဆိုတာ သိပါတယ်ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။” လို့ မော်ရင်ဟိုကပြောခဲ့ပါတယ်။

စပါးအသင်းဟာ ကာရာဘောင်ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲကို တက်လှမ်းထားနိုင်ပြီး ဖြစ်သလို လာမယ့် ကြာသပတေးနေ့မှာတော့ လီဗာပူးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပါသေးတယ်။

ဒီလိုအရေးကြီးပွဲတစ်ပွဲအတွက် အသင်းမှာရှိတဲ့ ကစားသမားတွေကို အနားပေးခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ မနိုင်ရင် ပျားတုပ်တော့မှာြဖစ်လို့ မဖြစ်မနေ ထည့်သွင်းခဲ့ရတာကြောင့် အနည်းငယ်တော့ ပွဲပန်းသွားနိုင်ပါတယ်။

“ဘယ်ပြိုင်ပွဲကိုမှ အရှုံးမပေးချင်ပါဘူး။ရောက်နိုင်သလောက်သွားပါမယ်။ဒါကြောင့် အနိုင်ရဖို့ဆိုရင် ဘယ်သူ့ကိုမှ ဘယ်ပွဲကိုမှ အနားပေးဖို့ အစီအစဥ်မရှိပါဘူး။အနိုင်ရလဒ်နဲ့အတူ အနားယူပါမယ်။”လို့ မော်ရင်ဟိုက ဆက်လက် ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က