လမ်းပတ်ဟာ အေဘရာမိုဗစ်ရဲ့ ၁ဝဦးမြောက် ထုတ်ပယ်ခံရသူဖြစ်လာခဲ့ပါတယ်။
Pyae Phyo Thein

ချယ်လ်ဆီးအသင်းသမိုင်းတစ်လျှှောက် ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပြီး ပရိသတ်အကြိုက်ကစားသမားလည်းဖြစ်ခဲ့တဲ့ လမ်းပတ်ဟာ အသင်းပိုင်ရှင်အေဘရာမိုဗစ်ရဲ့ ၁၀ ဦးမြောက်ထုတ်ပယ်ခံခဲ့သူဖြစ်လာခဲ့ပါတယ်။


ချယ်လ်ဆီးကနေ လမ်းပတ်ထုတ်ပယ်ခံရမှုအပေါ် သူ့အနေနဲ့ အံ့အားသင့်မှုမရှိဘူးလို့ ရိန်းဂျားနည်းပြစတီဗင်ဂျရတ်က ပြောဆိုလိုက်ပါတယ်။ အင်္ဂလန်အသင်းမှာ အသင်းဖော်တွေအဖြစ် တွဲဖက်ကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်းနဲ့ ပတ်သက်ပြီး ဂျရတ်က သူ့ရဲ့အမြင်ကိုလည်း သုံးသပ်ပြောဆိုခဲ့ပြီး ချယ်လ်ဆီးရဲ့ နည်းပြတွေအပေါ် ပြုမူခဲ့တဲ့ သမိုင်းကြောင်းက သူ့အတွက် အံ့သြစရာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ 

ချယ်လ်ဆီးအသင်းသမိုင်းတစ်လျှှောက် ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပြီး ပရိသတ်အကြိုက်ကစားသမားလည်းဖြစ်ခဲ့တဲ့ လမ်းပတ်ဟာ အသင်းပိုင်ရှင်အေဘရာမိုဗစ်ရဲ့ ၁၀ ဦးမြောက်ထုတ်ပယ်ခံခဲ့သူဖြစ်လာခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ ချယ်လ်ဆီးနဲ့အတူ အမှတ်ပေးဖလား ၃လုံးနဲ့ ချန်ပီယံလိဂ်ဖလား ၁လုံးဆွတ်ခူးနိုင်ခဲ့ပြီး နည်းပြအဖြစ်နဲ့ပါ ပြန်လည်ကိုင်တွယ်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ 

အသင်းကို ၁၈ လသာ ကိုင်တွယ်ခွင့်ရခဲ့ပြီးနောက် လမ်းပတ်ထုတ်ပယ်ခံရချိန်မှာတော့ ဂျရတ်က "သူ့အတွက်တော့ စိတ်ပျက်စရာပါပဲ၊ လူတန်တောင်းကို သူ အနိုင်ရရှိခဲ့လို့ ထွက်ပေါက်တစ်ခုဖြစ်ခဲ့မယ်လို့ ကျွန်တော်တွေးခဲ့မိပါတယ်၊ ဒါပေမယ့်လည်း အသေးစိတ်ကိုတော့ ကျွန်တော်မသိပါဘူး၊ သူ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုလည်း ကျွန်တော်မသိပါဘူး၊ သူနဲ့ကလပ်အသင်းကြား ဆက်ဆံရေးအတွင်းကိစ္စကိုလည်း ကျွန်တော်မသိဘူး"

"ဒါပေမယ့် ချယ်လ်ဆီးအသင်းသမိုင်းမှာ ဒီလိုတွေ ပြုလုပ်ခဲ့တာတွေက ရှိနေခဲ့လို့ ဒါက အံ့အားသင့်စရာတော့မဟုတ်ခဲ့ပါဘူး" လို့ ဂျရတ်က ပြောခဲ့ကြောင်း Independent က ဖော်ပြခဲ့ပါတယ်။ ဂျရတ်ကတော့ ရိန်းဂျားနည်းပြဘဝမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နေပြီး အသင်းကို စကော့တလန်ပရီးမီးယားလိဂ်ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ဖို့ နီးစပ်နေပြီလည်းဖြစ်ပါတယ်။


ချယ်လ်ဆီးကတော့ နည်းပြသစ်အဖြစ် ဒေါ့မွန်နဲ့ ပီအက်စ်ဂျီနည်းပြဟောင်း တူချယ်လ်ကို ခန့်အပ်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 


Author


က္က