မောင့်၊ အေဘရာဟမ်တို့ကို အဓိကကစားသမားတွေအဖြစ် သတ်မှတ်မယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

တူချယ်လ်ဟာ မေဆန်မောင့်၊ ရီဆီဂျိမ်းစ် နဲ့ အေဘရာဟမ်တို့ကို အဓိကကစားသမားတွေအဖြစ် ရွေးချယ်နိုင်တယ်လို့ သိရပြီး အသင်းရဲ့လူငယ်ကစားသမားတွေအပေါ် ယုံကြည်မှုပေးသွားမယ်လို့ သိရပါတယ်။ 


ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာတဲ့ သောမတ်စ်တူချယ်လ်ဟာ အသင်းရဲ့လူငယ်ကစားသမားတွေကို နေရာဆက်ပေးသွားမယ်လို့ သိရပြီး နွေရာသီမှာ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖွယ်ရှိတယ်လို့ သိရပါတယ်။ မနေ့ကပဲ နည်းပြသစ်ဖြစ်လာခဲ့တဲ့ တူချယ်လ်ဟာ ၁၈ လစာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ထပ်သက်တမ်းတစ်နှစ်တိုးခွင့်လည်း ပါဝင်ခဲ့ကာ စတန်းဖို့ဒ်ဘရစ်ချ်ရဲ့ ပဲ့ကိုင်ရှင်သစ်ဖြစ်လာခဲ့ပါတယ်။ 

မနေ့ကညနေပိုင်းမှာပဲ အသင်းနဲ့အတူ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်တွေကို တူချယ်လ်က ပြုလုပ်ခဲ့ပြိး "ကျွန်တော့်အပေါ်ယုံကြည်မှုပေးတဲ့အတွက် ချယ်လ်ဆီးကို ကျေးဇူးတင်ပါတယ်၊ ဖရန့်လမ်းပတ်ရဲ့လုပ်ဆောင်ခဲ့မှုတွေအပေါ် ကျွန်တော်တို့ အရမ်းလေးစားပါတယ်၊ ချယ်လ်ဆီးမှာ သူ ချန်ရစ်ခဲ့တဲ့ အမွေအနှစ်တွေလည်း ရှိပါတယ်၊ ကျွန်တော့်အသင်းသစ်နဲ့အတူ ပြိုင်ပွဲတွေကစားရဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။ 

အသက် ၄၇ နှစ်အရွယ်သာရှိသေးတဲ့ တူချယ်လ်ဟာ ဒီနေ့မှာပဲ ဝုလ်ဗ်နဲ့ ကစားသွားရဖို့ရှိနေပြီး နည်းပြသစ်ပွဲဦးထွက်မှာပဲ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ Daily Mail ရဲ့အဆိုအရ တူချယ်လ်ဟာ မေဆန်မောင့်၊ ရီဆီဂျိမ်းစ် နဲ့ အေဘရာဟမ်တို့ကို အဓိကကစားသမားတွေအဖြစ် ရွေးချယ်နိုင်တယ်လို့ သိရပြီး အသင်းရဲ့လူငယ်ကစားသမားတွေအပေါ် ယုံကြည်မှုပေးသွားမယ်လို့ သိရပါတယ်။ 

လာမယ့်နွေရာသီစျေးကွက်မှာ တူချယ်လ်က တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူချင်နေပြီး ဒေါ့မွန်တိုက်စစ်မှူးဟာလန်းကို ပစ်မှတ်ထားနေတယ်လို့လည်း သိရပါတယ်။ တစ်ဖက်မှာတော့ လမ်းပတ်လက်ထက်က စိတ်ဝင်စားခဲ့တဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်ကို ချယ်လ်ဆီးရဲ့စိတ်ဝင်စားမှုက လျော့ကျသွားပြီလို့လည်း သိရကာ ဂျော်ဂျင်ဟို၊ ကန်တေ (သို့) ကိုဗာဆစ်တို့က ချယ်လ်ဆီးကွင်းလယ်ရဲ့ အမာခံတွေဖြစ်လာလိမ့်မယ်လို့လည်း သိရပါတယ်။

လမ်းပတ်လက်ထက်မှာ တိုက်စစ်ပိုင်းမှာ ကိုင်ဟာဗက်ဇ် နဲ့ တီမိုဝါနာတို့ကို ပေါင်သန်း ၁၀၀ ကျော် အသုံးပြုပြီး ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာ အဆိုပါကစားသမားနှစ်ဦးစလုံးက ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ၀ါနာဟာ နောက်ဆုံး ၁၆ ပွဲမှာ သွင်းဂိုးတစ်ဂိုးသာရရှိခဲ့သလို ပင်နယ်တီလွဲချော်မှုတွေပါရှိနေခဲ့ပြီး ဂီရော့ဒ်ကို နှစ်သက်ဖွယ်မရှိတဲ့ တူချယ်လ်က တိုက်စစ်မှူးသစ်တစ်ဦးကို ခေါ်ယူနိုင်ချေရှိတဲ့အချက်က ဖြစ်လာနိုင်ဖွယ်ရာရှိပါတယ်။ 


Author


က္က