ဆိုးလ်ရှားအတွက် တော်တော်လေးနစ်နာရတဲ့ပွဲဖြစ်ခဲ့ပါတယ်။
Pyae Phyo Thein

ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ဝမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာပဲ အဆင့် ၂ဝက ရှက်ဖီးကို အံ့အားသင့်ဖွယ်ရာအရေးနိမ့်သွားခဲ့ပါတယ်။ ပုံစံကောင်းတွေပြသနေပြီး လိဂ်ရှုံးပွဲမရှိတာကြာမြင့်နေပြီဖြစ်တဲ့ ဆိုးလ်ရှားရဲ့အသင်းဟာ သေချာပေါက်အနိုင်ရမယ်လို့ ထင်မှတ်ထားရတဲ့ပွဲကိုမှ အရေးနိမ့််သွားခဲ့တာလည်းဖြစ်ပါတယ်။

မက်ဂွိုင်းယားကို တွန်ဇီဘီနဲ့ တွဲဖက်ပေးပြီး တဲလက်စ်က လုခ်ရှောအစားဝင်ကစားခဲ့ကာ မာရှယ်ကို အထောင်တိုက်စစ်မှူးအဖြစ် ဆိုးလ်ရှားက ထားရှိခဲ့ပြီး ကွင်းလယ်မှာ မာတစ်နဲ့ ပေါ့ဂ်ဘာကို တွဲဖက်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲတွေမှာ ပုံစံကောင်းရနေတဲ့ လုခ်ရှောကို အနားပေးခဲ့ပြီး ဖရက်၊ မက်တော်မီနေးတို့ထက် မာတစ်ကို နေရာပေးခဲ့သလို ကာဗာနီခြေတက်နေချိန်မှာ မာရှယ်ကို ပြန်သုံးခဲ့တဲ့အပြစ်ကို ဆိုးလ်ရှားခံစားခဲ့ရပါတယ်။

တစ်ပွဲလုံးမှာ မာရှယ်က လူပိုကြီးသက်သက်ဖြစ်နေခဲ့ပြီး တိုက်စစ်အတွက် ဘာမှမလုပ်ပေးနိုင်၊ မပြနိုင်ခဲ့ပေမယ့် ပွဲချိန်ပြည့်ကစားပေးသွားခဲ့ပြီး ဂိုးသွင်းနိုင်ချေပိုရှိတဲ့ ဂရင်းဝုဒ်ကိုတော့ လူစားလဲသွားခဲ့ပါတယ်။ ရှက်ဖီးကတော့ အဝေးကွင်းမှာ ပြိုင်ဘက်ရဲ့ အားနည်းချက်တွေကို အသုံးချကာ ဂိုးတွေသွင်းခဲ့ပြီး ယူနိုက်တက်ရဲ့ ဆုဖလားအိပ်မက်ကို ထိခိုက်စေခဲ့ပြီး အဖိုးတန် ၃မှတ်ကို အိ်မ်အပြန်သယ်သွားခဲ့ပါတယ်။ 

မန်စီးတီးနဲ့အပြိုင်ဖြစ်နေပြီး အောက်အသင်းတွေနဲ့ အမှတ်ကွာဟချက်မကျဉ်းမြောင်းဖို့ အရေးကြီးနေချိန်မှာ ဆိုးလ်ရှားရဲ့ လိုအပ်ချက်နဲ့ ယူနိုက်တက်ကစားသမားတွေရဲ့ ညံ့ဖျင်းမှုက တော်တော်လေးဆိုးရွားခဲ့ပါတယ်။ ပထမဂိုးအတွက် ဒီဂီယာမှာအပြစ်မကင်းခဲ့သလို မက်ဂွိုင်းယားက ချေပဂိုးသွင်းပေးတာကလွဲပြီး တစ်ပွဲလုံးမှာ ခံစစ်ကိုဦးမဆောင်နိုင်ခဲ့သလို အရေးနိမ့်ချိန်မှာလည်း လှုံ့ဆော်ပေးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ 

ရှက်ဖီးကတော့ ဆိုးလ်ရှားကိုဆိုရင် ထိပ်ပုတ်ခေါင်းပုတ်လုပ်တတ်တဲ့ သူတို့ရဲ့ပုံစံအတိုင်း အိုးထရက်ဖို့ဒ်မှာလည်း ဒုက္ခပေးသွားခဲ့ပါတယ်။ ကီးန်ဘရိုင်ယန် နဲ့ အိုလီဗာဘာကီတို့က အသင်းအတွက်ဂိုးတွေသွင်းပေးခဲ့ကြပြီး ၅ မှတ်သာရရှိထားတဲ့အသင်းဟာ ယူနိုက်တက်ဆီကနေ ၃ မှတ်ရယူသွားခဲ့ပါတယ်။ 


Author


က္က