အသင်းဟောင်းရှုံးပွဲနဲ့ပတ်သက်ပြီး ဝေဖန်သုံးသပ်ခဲ့တာပါ။
Pyae Phyo Thein

အသင်းဟောင်းရှုံးပွဲအတွက် တော်တော်လေးစိတ်မကျေမနပ်ဖြစ်နေတဲ့ ဖာဒီနန်ဟာ စုစုပေါင်း ကစားသမား ၇ ဦးအထိကို ဝေဖန်ခဲ့ပြီး ၃ဦးကတော့ လမ်းပဲလျှောက်နေခဲ့တယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။ 


မန်ချက်စတာယူနို်က်တက်အသင်းကစားသမားဟောင်း ရီယိုဖာဒီနန်က ရှက်ဖီးကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ယူနိုက်တက်ကစားသမား ၃ဦးက ကွင်းထဲမှာ လမ်းလျှောက်နေခဲ့တယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။ အသင်းဟောင်းရှုံးပွဲအတွက် တော်တော်လေးစိတ်မကျေမနပ်ဖြစ်နေတဲ့ ဖာဒီနန်ဟာ စုစုပေါင်း ကစားသမား ၇ ဦးအထိကို ဝေဖန်ခဲ့ပြီး ၃ဦးကတော့ လမ်းပဲလျှောက်နေခဲ့တယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။ 

အန်သိုနီမာရှယ်၊ နီမန်ဂျာမာတစ် နဲ့ အဲလက်စ်တဲလက်စ်တို့ ၃ဦးကို ဖာဒီနန်က ပြစ်တင်ဝေဖန်ခဲ့တာလည်းဖြစ်ပါတယ်။ ရှက်ဖီးယူနိုက်တက်ရဲ့ အားထုတ်ခဲ့မှုကိုတော့ ဖာဒီနန်က ချီးကျူးအသိအမှတ်ပြုခဲ့ပြီး ယူနိုက်တက်ကစားသမားတွေရဲ့ ပွဲချိန်အတွင်း ခံယူချက်နဲ့ကစားပုံတွေအပေါ်မှာ သူ မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ 

"လတ်တလောကာလမှာ ယူနိုက်တက်ရဲ့ တုံ့ပြန်မှုတွေနဲ့ အခြေအနေတွေက တော်တော်လေးကောင်းမွန်ခဲ့ပြီး သူတို့ဘယ်ကိုသွားနေလဲဆိုတာကို သိသာစေခဲ့ပါတယ်၊ ဒါပေမယ့် ဒီနေ့ညမှာတော့ သူတို့အပေါ်ထားတဲ့ လေးစားမှုအကုန်လုံးက အဟောသိကံဖြစ်သွားတော့တာပါပဲ၊ မာရှယ်ကတော့ ဒီည ဘာမှကိုမလုပ်နိုင်ခဲ့ဘူး၊ သူ့ဆီလည်း ဘောလုံးက မရောက်ခဲ့တဲ့အခြေအနေပါ၊ ဒါက သူ့အပြစ်တော့မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်"

"မာတစ်ပါ၊ သူက မာရှယ်ကို ဘောလုံးပေးပို့ရမှာဖြစ်ပြီး ပြေးလွှားစေနေရမှာပါ၊ နောက်ဆုံးတော့ မာရှယ်ရဲ့အနားမှာ ကစားသမား ၃ဦးလောက်က ရှိနေခဲ့ပါတယ်၊ မာတစ်ဆီကနေ သူ ဘာမျှော်လင့်လို့ရမှာလဲ၊ ကစားဖို့အတွက် ထောက်ပံ့မှုရမှဖြစ်ပြီး နောက်ကနေပေးမယ့်သူကို စောင့်ဆိုင်းနေရပါတယ်၊ ကျွန်တော်ပြောနေတာ တုံ့ပြန်မှုအကြောင်းပါ၊ မာရှယ်ဆီက အဲဒါကို ကျွန်တော်မြင်ချင်တာပါ၊ သူကတော့ စိမ်ပြေနပြေပဲ လမ်းလျှောက်နေခဲ့ပါတယ်"

"ကျေးဇူးပြုပြီး ပြေးလွှားကစားပါ မာရှယ်၊တကယ်ဆိုရင် သူက လိုက်ဆော့ကစားပြီး အသင်းဖော်တွေကို အကျိုးဖြစ်စေရမှာပါ၊ သူ မလုပ်နိုင်ခဲ့ပါဘူး၊ မာတစ်လည်း ဒီလိုပါပဲ၊ ဘောလုံးပေးပို့မှုတွေက အကျိုးမရှိခဲ့ပါဘူး၊ တဲလက်စ်က ဘောလုံးကိုနောက်ပြန်ပေးနေတာပါပဲ၊ ဒီပွဲကို အနိုင်ရအောင် မင်းကြိုးစားသင့်တယ်၊ ဒါပေမယ့် သူလည်းပဲ လမ်းပဲလျှောက်နေတယ်၊ မင်းဘာတွေလုပ်နေတာလဲ" လို့ ဖာဒီနန်က BT Sport ကတဆင့် ပြောဆိုသွားခဲ့ပါတယ်။ 


Author


က္က