တိုက်ဆိုင်စွာပဲ ယူနိုက်တက်ဟာ အာဆင်နယ်ကို အိမ်ကွင်းမှာ ရှုံးပြီးကတည်းက လိဂ် ၁၃ပွဲဆက်တိုက် ရှုံးပွဲ မရှိထားရာမှာ ယခုအခါ အာဆင်နယ်နဲ့ ပြန်တွေ့တော့မယ့်အချိန်ကျမှ အဆိုပါ စံချိန် ကျိုးပျက်ခဲ့ရတာပါ။
နည်းပြဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းကတော့ အိမ်ကွင်းမှာ ရှက်ဖီးလ်ကို ၂-၁ဂိုးနဲ့ အရေးနိမ့်ခဲ့လို့ အများရဲ့ ပြော စရာ ဖြစ်နေပါတယ်။
အကြောင်းကတော့ အမှတ်ပေးဇယား ထိပ်ဆုံးက အသင်းက အောက်ဆုံးက ရှက်ဖီးကို အိမ်ကွင်းမှာမှ အရေးနိမ့်ခဲ့ တာကြောင့် ဖြစ်ပါတယ်။
ဒါကလည်း ပရီးမီးယားလိဂ်ရဲ့ တစ်သင်းနဲ့တစ်သင်းအကြား ခြေစွမ်းကွာဟခြင်း မရှိတာကို ပေါ်လွင်စေပြီး ရှက်ဖီး အတွက်တော့ ယခုနှစ်ရာသီ ဒုတိယမြောက် လိဂ်နိုင်ပွဲရရှိခြင်း ဖြစ်ပါတယ်။
အခုရှုံးပွဲက အနည်းငယ် ခံပြင်းစရာ ဆိုပေမယ့်လည်း လာမယ့် အာဆင်နယ်အသင်းနဲ့ ကစားရမယ့် ပွဲစဥ်အတွက် ပြင်ဆင်ရဦးမှာ ဖြစ်လို့ ဝမ်းနည်းနေချိန် မရှိဘူးလို့လည်း နည်းပြ ဆိုးလ်ရှားက ပွဲအပြီးမှာ ပြောသွားပါတယ်။
“ကိုယ့်ကိုယ်ကို ဝမ်းနည်းနေဖို့ အချိန်မရှိပါဘူး။အခြားအသင်းတွေလည်း ဒီလိုပဲ ရှုံးပြီးမှ ပြန်လာနိုင်တာတွေပါ။ ကျွန်တော်တို့က ဒီမတိုင်ခင်ကတည်းက ပြန်လာနိုင်ပြီးသားပါ။လာမယ့် စနေနေ့ကျရင် ကစားရမယ့် အာဆင် နယ်နဲ့ပွဲမှာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည် ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။”လို့ ဆိုးလ်ရှားကပြောခဲ့ပါ တယ်။
ဆိုးလ်ရှားက နောက်တစ်နေ့ မနက်မှာ သူတို့ရဲ့ စိတ်တွေ အသစ်တစ်ဖန်မွေးဖွားလာပြီး အာဆင်နယ်နဲ့ပွဲကို အာရုံ စိုက်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။
ယူနိုက်တက်အနေနဲ့ကတော့ ရှုံးပွဲကြောင့် အမှတ်ပေးဇယားထိပ်ကနေ ဒုတိယနေရာကို ဆင်းပေးလိုက်ရပြီး မြို့ခံ ပြိုင်ဖက် မန်စီးတီးအသင်းက တစ်ပွဲလျော့ တစ်မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်လိုက်ပါပြီ။
တိုက်ဆိုင်စွာပဲ ယူနိုက်တက်ဟာ အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ ၀-၁နဲ့ အရေးနိမ့်ပြီးနောက်ပိုင်း လိဂ်မှာ ၁၃ပွဲဆက် ရှုံးပွဲမရှိအောင် ကစားထားနိုင်ပါတယ်။
အခုတစ်ကြိမ် အာဆင်နယ်အသင်းနဲ့ ပြန်တွေ့ချိန်မှာတော့ ဒီစံချိန်ဟာ ရှက်ဖီးနဲ့ ကျိုးပျက်ခဲ့ရလို့ အာဆင်နယ် အသင်းနဲ့ပွဲဟာ ယူနိုက်တက်အတွက် နောက်ထပ် မှားလို့မရမယ့် အခြေအနေတစ်ခုမှာ ရှိနေပါပြီ။
ဆုဖလားအတွက် စိန်ခေါ်ချင်တယ်ဆိုရင်တော့ အပတ်တိုင်းကို အသင်းကြီးပီပီ လူစာရင်းတောင့်တောင့် တင်းတင်း နဲ့ ကစားနိုင်ဖို့ လိုပြီး ကိုယ်က အမှတ်ပေးဇယားအောက်ခြေမှာဆိုရင်တော့ မလိုဘူးလို့လည်း ယူနိုက်တက် ကစား သမားဟောင်းဖာဒီနန်က ပွဲအပြီးမှာ သုံးသပ်ထားပါသေးတယ်။