နောက်ဆုံး ၂ပွဲဆက် လွဲချော်ထားတာပါ။

ဆောက်သမ်တန်အသင်းဖက်ကို တစ်ဂိုးသွင်းခဲ့တဲ့ လာကာဇက်တီဟာ အူဘာမီယန်းရဲ့ ကျောနံပါတ် ၁၄ကို ရည် ညွှန်းပြီး အောင်ပွဲခံခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး အသင်းခေါင်းဆောင် အူဘာမီယန်းဟာ အာဆင်နယ်အသင်းကစားခဲ့တဲ့ နောက်ဆုံး ၂ပွဲဆက်တိုက် လွဲချော်ထားပါတယ်။



ရရှိတဲ့ သတင်းတွေအရ အူဘာမီယန်းဟာ ဒဏ်ရာလည်း ကင်းစင်နေသလို ပွဲပယ်ပြစ်ဒဏ်လည်း မရှိပဲ အသင်း ခေါင်းဆောင် ဖြစ်သည့်တိုင် ပွဲကစားနိုင်ခြင်း မရှိတာ ဘာ့ကြောင့်ပါလဲ။

အမှန်ကတော့ အူဘာမီယန်းဟာ အမေချစ်သားတစ်ယောက်ဆိုတာကို သိလိုက်ရပါတယ်။မိခင်ဖြစ်သူ နေမ ကောင်း အပြင်းအထန် ဖြစ်နေတဲ့အတွက် ကလပ်အသင်းကို ခွင့်တောင်းကာ မိခင်ကို အနီးကပ် ပြုစု စောင့် ရှောက်ပေးနေရတာကြောင့်လို့ သိရပါတယ်။

“ကျန်းမာရေး အနည်းငယ် ချို့ယွင်းခဲ့တဲ့ အမေ့ကို ပြုစုနေရလို့ပါ။ဒါကြောင့် အမေ့နားမှာပြုစုပေးချင်လို့ အလုပ်ကို ခွင့်တောင်းခဲ့တာပါ။အခုတော့ အမေ့ကျန်းမာရေး အ‌တော်လေး ပြန်ကောင်းလာပါပြီ။ကုသ စောင့်ရှောက်ပေးခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။”လို့ အူဘာက ထုတ်ဖော်ပြောလာပါတယ်။

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး လာကာဇက်တီဟာလည်း ‌‌ဆောက်သမ်တန်ကို ၃-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဝေးကွင်းလိဂ်ပွဲစဥ်မှာ တတိယမြောက် အနိုင်ဂိုးကို သွင်းယူအပြီး အူဘာမီယန်းရဲ့ ကျောနံပါတ် ၁၄ကို ရည်ညွှန်း ပြီး အောင်ပွဲခံခဲ့ပါတယ်။

ဒါကိုတော့ ပရိသတ်တွေ အမှုမဲ့ အမှတ်မဲ့ ဖြစ်ခဲ့ကြမယ်ဆိုရင် အခုတော့ ဘာအတွက် ရည်ညွှန်းခဲ့တာလဲဆိုတာ သိ လောက်မယ်လို့ ထင်ပါတယ်။

“ကျွန်တော့်ကို ချစ်ပေးကြတဲ့ အသင်းဖော်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။အားလုံးရဲ့ ချစ်ခြင်းကိုရရှိတာဟာ ဘုရင်းသခင်ကောင်းချီးပေးတဲ့မင်္ဂလာတစ်ပါးပါပဲ။”လို့လည်း အူဘာက ဆက်လက်ဆိုပါသေးတယ်။

ယခုအခါ အူဘာရဲ့ မိခင်ကြီးလည်း ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီလို့ သိရတဲ့အတွက် လာမယ့် ယူနိုက် တက်နဲ့ကစားရမယ့် ပွဲမှာ အူဘာ ပြန်လည်ပါဝင်လာနိုင်မလားဆိုတာကလည်း စိတ်ဝင်တစား စောင့်ကြည့်သွားရ တော့မှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က