စပါးကို အနိုင်ရရှိခဲ့တဲ့အပေါ် ကျေနပ်ဝမ်းမြောက်နေတာပါ။
Pyae Phyo Thein

ငါးပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့တဲ့ လီဗာပူးလ်ဟာ စပါးကို ၃-၁ နဲ့ အနိုင်ယူပြီး နိုင်ပွဲပြန်တွေ့ခဲ့သလို အဆင့် ၄ နေရာကိုလည်း ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး ဒုတိယနေရာက ယူနိုက်တက်နဲ့ ၃မှတ်ကွာ အနေအထားကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ 


အဝေးကွင်းမှာ စပါးကိုအနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးလ်နည်းပြယာဂင်ကလော့ပ်က သူတို့ဘာလဲဆိုတာကို ပြသနိုင်ခဲ့တယ်လို့ ကြွေးကြော်လိုက်ပါတယ်။ ငါးပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့တဲ့ လီဗာပူးလ်ဟာ စပါးကို ၃-၁ နဲ့ အနိုင်ယူပြီး နိုင်ပွဲပြန်တွေ့ခဲ့သလို အဆင့် ၄ နေရာကိုလည်း ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး ဒုတိယနေရာက ယူနိုက်တက်နဲ့ ၃မှတ်ကွာ အနေအထားကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ 



ဖာမီနို၊ အာနိုးလ်နဲ့ မာနေးတို့က ဂိုးတွေသွင်းယူပေးခဲ့ပြီး စပါးအတွက် ဟိုးလ်ဘာ့ဂျ်က ချေပဂိုးသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ လိဂ်ပွဲနောက်ဆုံးငါးပွဲမှာ ဂိုးပေါက်ပျောက်မှုတွေပါရှိနေတဲ့ လီဗာပူးလ်တို့ တစ်ပွဲတည်း ၃ ဂိုးပြန်သွင်းနိုင်ခဲ့တာဖြစ်ပြီး ရက်ပေါင်း ၄၀ ကျော်အတွင်းမှာ ပထမဆုံးနိုင်ပွဲနဲ့ ပထမဆုံး ၃ ဂိုးအထိရရှိခဲ့တဲ့ပွဲစဉ်လည်း ဖြစ်လာခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 

"မှန်ကန်တဲ့အခိုက်အတန့်တွေမှာ ကျွန်တော်တို့ဂိုးတွေသွင်းနိုင်ခဲ့ပါတယ်၊ အံ့အားသင့်ဖွယ်ရာသွင်းဂိုးတွေပါ၊ ဂိုးသွင်းသင့်နိုင်တဲ့သူတွေ ဂိုးသွင်းနိုင်ခဲ့ကြပါတယ်၊ ဂျိုရယ်လ်မာတစ် ဒဏ်ရာရလို့ လူစားလဲရတာကလွဲရင် ကျန်တာအားလုံးကောင်းမွန်ခဲ့ပါတယ်၊ ဒီနေ့ကျွန်တော်ပြောချင်တာက ဘာလဲဆိုရင် အသင်းရဲ့ပုံစံမဟုတ်ပါဘူး၊ ကျွန်တော်တို့က ဘယ်သူတွေလဲဆိုတာပါ၊ ဒါ ကျွန်တော်တို့ပါပဲ"

"ဒီနေ့၊ အထူးသဖြင့် ဒုတိယပိုင်းက ကျွန်တော်တို့ပွဲဖြစ်ခဲ့ပြီးတော့ လှပပြီးမြန်ဆန်တဲ့တန်ပြန်တိုက်စစ်တွေကို အမြဲတမ်းလုပ်နိုင်ခဲ့ပြီး ခံစစ်ပိုင်းကလည်း တကယ်ကောင်းမွန်ခဲ့ပါတယ်၊ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တစ်ခုဖြစ်ခဲ့ပြီး ကျွန်တော်မြင်တွေ့ချင်တဲ့အရာတွေ အများကြီးကိုလည်း မြင်တွေ့ခဲ့ရပါတယ်၊ တိုက်စစ်ကိုလည်း ကျွန်တော်တို့လိုချင်တဲ့ပုံစံနဲ့ ကစားနိုင်ခဲ့ပါတယ်" လို့ BT Sports ကို ကလော့ပ်က ပြောဆိုခဲ့ပါတယ်။ 

လီဗာပူးလ်အနေနဲ့ စပါးကို လေးမှတ်ဖြတ်ထားနို်င်ခဲ့ပြီဖြစ်ကာ လက်ကျန်တစ်ပွဲကစားဖို့ရှိနေတဲ့ ဟိုဆေးမော်ရင်ဟိုရဲ့ အသင်းကတော့ ရုန်းကန်ရဦးမှာဖြစ်ပါတယ်။ ဒီပွဲမှာ ဟယ်ရီကိန်းကလည်း ခြေကျင်းဝတ်နှစ်ဖက်စလုံး ဒဏ်ရာရခဲ့တယ်လို့သိရပြီး မော်ရင်ဟိုအတွက် ပိုပြီးတော့စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။


Author


က္က