အသင်းဟောင်းရဲ့ ခြေစွမ်းအပေါ် ခရော့ချ်က ယုံကြည်မှုရှိနေပါတယ်။
Pyae Phyo Thein

ယူနိုက်တက်အောက် ၃ မှတ်အကွာ အဆင့်လေးနေရာမှာ လီဗာပူးလ်က ရပ်တည်နေကာ ယူနိုက်တက်ကတော့ ရှက်ဖီးကို အရေးနိမ့်ခဲ့တာကြောင့် အဖိုးတန်ရမှတ်တွေ ဆုံးရှုံးခဲ့ပြီး ဒီအခွင့်အရေးကို လီဗာပူးလ်က အရယူနိုင်ခဲ့ပါတယ်။ 


လီဗာပူးလ်တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ပီတာခရော့ချ်က အသင်းဟောင်းဟာ ရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့အထက်မှာ ရပ်တည်နိုင်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ စပါးကို အဝေးကွင်းမှာ လီဗာပုူးလ်က အနိုင်ရရှိခဲ့တဲ့နောက် ခရော့ချ်ရဲ့ သူ့ရဲ့သုံးသပ်ချက်ကို ပြောဆိုခဲ့တာဖြစ်ပြီး လီဗာပူးလ်ဟာ အမှတ်ပေးဖလားကို ရယူနိုင်ဖို့ အခွင့်အရေးတွေအများကြီးရှိနေသေးတယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။ 

လီဗာပူးလ်ဟာ နောက်ဆုံးငါးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီးနောက် စပါးကို ပြန်လည်အနိုင်ရရှိခဲ့ပြီး ရလဒ်ဆိုးတွေကနေ ရုန်းထွက်လာနိုင်ခဲ့ပါတယ်။ ဖာမီနို၊ အာနိုးလ်နဲ့ မာနေးတို့က အနိုင်ဂိုးတွေသွင်းယူပေးခဲ့ကြပြီး လက်ရှိမှာ ယူနိုက်တက်အောက် ၃ မှတ်အကွာ အဆင့်လေးနေရာမှာ လီဗာပူးလ်က ရပ်တည်နေကာ ယူနိုက်တက်ကတော့ ရှက်ဖီးကို အရေးနိမ့်ခဲ့တာကြောင့် အဖိုးတန်ရမှတ်တွေ ဆုံးရှုံးခဲ့ပြီး ဒီအခွင့်အရေးကို လီဗာပူးလ်က အရယူနိုင်ခဲ့ပါတယ်။ 

"ဒီလိုဖြစ်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်၊ လီဗာပူးလ်က အခက်အခဲတွေကြားကနေ ရုန်းကန်နေရဆဲဖြစ်တယ်ဆိုတာကတော့ အမှန်ပါ၊ ကျွန်တော် ရီယိုဖာဒီနန်နဲ့ မနေ့ညက လောင်းကြေးထပ်ခဲ့ပါတယ်၊ လီဗာပူးလ်က ယူနိုက်တက်အထက်မှာ ရပ်တည်နိုင်လိမ့််မယ်လို့ ကျွန်တော်ထင်နေတုန်းပဲ၊ သူတို့က အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်သေးတယ်လို့လည်း ကျွန်တော်ထင်တယ်၊ သူတို့မှာ ထိပ်တန်းကစားသမားတချို့ရှိနေပါတယ်"

"ဟန်ဒါဆန်က ဒီနေ့ညမှာ ဗဟိုခံစစ်ကိုဆင်းကစားခဲ့ပြီး အရမ်းကောင်းမွန်ခဲ့ပါတယ်၊ ရုန်းကန်ရတဲ့အချိန်တချို့လည်းရှိခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ နက်ဖိလစ် ဝင်ကစားခဲ့ရလို့ပါ၊ မာတစ်နဲ့ပဲ ဆက်ကစားနေမယ်ဆိုရင်တော့ ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်တော်မသိပါဘူး၊ ဗဟိုခံစစ်ပိုင်းမှာ သူတို့အမှန်တကယ်အခက်တွေ့ခဲ့ကြပါတယ်၊ ဒါပေမယ့်လည်း ကောင်းမွန်တဲ့တိုက်စစ်ပိုင်းသာရှိနေမယ်ဆိုရင် သူတို့ကို အခက်တွေ့အောင် လုပ်နိုင်မှာမဟုတ်ပါဘူး" လို့ ပီတာခရော့ချ်က BT Sport ကို ပြောဆိုခဲ့ပါတယ်။ 


လီဗာပူးလ်ကတော့ လာမယ့်ပွဲအဖြစ် အဝေးကွင်းမှာပဲ ဝက်စ်ဟမ်းကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီရာသီမှာ ခြေစွမ်းပြကစားနေတဲ့ ဝက်စ်ဟမ်းကြောင့် လီဗာပူးလ်တို့ ရုန်းကန်ရနိုင်ဖွယ်ရှိနေပေမယ့်လည်း နိုင်ပွဲနဲ့အတူ ဂိုးပေါက်ပြန်လည်တွေ့ခဲ့မှုတွေက စိတ်ပိုင်းဆိုင်ရာအင်အားအရ အများကြီးအထောက်အကူဖြစ်လာခဲ့ပါတယ်။ 


Author


က္က