ချယ်လ်ဆီးလိုအသင်းမှာ ရင်ဆိုင်ရနိုင်တာတွေကို သိရှိပြီးသားလို့ ဆိုပါတယ်။

တူချယ်လ်ကတော့ ၂၀၀၃ ခုနှစ်မှာ ချယ်လ်ဆီးကို ရိုမန်အေဗရာမိုဗစ်ဝယ်ယူခဲ့ပြီးနောက် ၁၄ ဦးမြောက်နည်းပြဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ 


ချယ်လ်ဆီးနည်းပြသစ်သောမတ်စ်တူချယ်လ်က သူ့အနေနဲ့ အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံရမှာကို ကြောက်ရွံ့မှုမရှိဘူးလို့ပြောဆိုလိုက်ပါတယ်။ ဒေါ့မွန်နဲ့ ပီအက်စ်ဂျီနည်းပြဘဝမှာလည်း အသင်းကထုတ်ပယ်ခံခဲ့ရဖူးတဲ့ တူချယ်လ်ဟာ နည်းပြတွေကို အချိန်မရွေးထုတ်ပယ်တတ်တဲ့ ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာချိန်မှာ အထက်ပါအတိုင်းပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ 



သူ့ကို ချယ်လ်ဆီးနည်းပြဘဝမှာ အချိန်အကြာကြီးရှိနေမှာမဟုတ်ဘူးလို့ လူတိုင်းကယုံကြည်နေကြောင်းလည်း တူချယ်လ်က ပြောဆိုခဲ့ပါတယ်။ ဂျာမနီသားနည်းပြဟာ သူ့ရဲ့ပထမဆုံးပွဲအဖြစ် ဝုလ်ဗ်နဲ့ ကစားခဲ့ပြီး ဂိုးမရှိသရေကျခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းနဲ့ ပူးပေါင်းလုပ်ဆောင်တာဟာ ၁ ရက်ကျော်ခန့်သာရှိသေးပြီး အဆိုပါပွဲမှာ ချယ်လ်ဆီးရဲ့ ကွဲပြားခြားနားတဲ့ ကစားဟန်ကို မြင်တွေ့ခဲ့ရပြိး ပြိုင်ဘက်ကို ဘောလုံးအသာစီးသိသိသာသာရယူနိုင်ခဲ့ပါတယ်။

တူချယ်လ်က "ဒီမှာ အလုပ်လုပ်ခွင့်ရလို့ ဂုဏ်ယူမိပါတယ်၊ ချယ်လ်ဆီးအတွက် တာဝန်ယူလိုက်ပြီဆိုရင် ဆုဖလားတွေရယူဖို့အတွက် ဆာလောင်ပြင်းပြနေသူဖြစ်ရမှာပါ၊ ပြိုင်ပွဲတိုင်းမှာလည်း ရလဒ်ကောင်းတွေရယူနို်င်ရပါလိမ့်မယ်၊ ဒါကို ကျွန်တော်သဘောပေါက်ပါတယ်၊ ကျွန်တော်ကြာကြာမရှိနိုင်ဘူးလို့ လူတိုင်းက မျှော်လင့်နေတာပါ၊ ဒါကလည်း အသင်းနဲ့ နည်းပြသမိုင်းကြောင်းတွေကြောင့် ဖြစ်ပါတယ်"

"ထုတ်ပယ်ခံရမှာကိုလည်း ကျွန်တော်မကြောက်ပါဘူး၊ ကျွန်တော်တို့မှာ ရည်မှန်းချက်တွေရှိနေသလို ကျွန်တော်ကိုယ်တိုင်ကလည်း လက်တွေ့ကျပြီး ကိုယ်ပိုင်ရည်မှန်းချက်ရှိပါတယ်၊ ကစားရတာ ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့အသင်းတစ်သင်းကို ဖန်တီးချင်ပြီး လာမယ့်ရာသီမှာ မန်စီးတီး၊ လီဗာပူးလ်တို့နဲ့ ကွာဟချက်ကို လျှော့ချဖို့ အသင့်ဖြစ်နေမှာကို ကျွန်တော်လိုချင်ပါတယ်၊ ဒီအသင်းရဲ့ DNA က ပြိုင်ပွဲတွေမှာ အနိုင်ယူပြီး ဆုဖလားတွေဆွတ်ခူးဖို့ပါ" လို့ တူချယ်လ်က ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 


တူချယ်လ်ကတော့ ၂၀၀၃ ခုနှစ်မှာ ချယ်လ်ဆီးကို ရိုမန်အေဗရာမိုဗစ်ဝယ်ယူခဲ့ပြီးနောက် ၁၄ ဦးမြောက်နည်းပြဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က