အသက် ၂၃နှစ်သာရှိပါသေးတယ်။
Kyaw Ko Ko Sint

ပုံမှန်ပွဲထွက်ခွင့်မရတဲ့ သူတွေဟာ အင်္ဂလန်အသင်းမှာ နေရာရမှာမဟုတ်ဘူးလို့ နည်းပြ ဆောက်ဂိတ်ရဲ့ ရာဇသံ ဟာ နိုင်းလ်အတွက် အာဆင်နယ်ကို စွန့်ခွာဖို့ဖြစ်လာတာပါ။

အာဆင်နယ်အသင်းက ညာနောက်ခံ ကစားသမား မစ်လန်နိုင်းလ်ဟာ ယခုလအတွင်း အာဆင်နယ်အသင်းမှာ အခြား အသင်းတစ်သင်းထံ အငှားနဲ့ သွားကစားဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။



အကြောင်းကတော့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ လက်ရွေးစင် ကစားသမားမှန်ရင် ကိုယ်စီ ကလပ်အသင်း တွေမှာ ပွဲထွက်ကစားခွင့်ရဖို့ လိုအပ်ပြီး ပုံမှန် ကစားခွင့်ရနေမှသာ လူစာရင်းမှာ ပါဝင်နိုင်မယ်လို့ ထုတ်ပြန်လာတာ ကြောင့်ဖြစ်ပါတယ်။

ဒါကြောင့် အသက် ၂၃နှစ်အရွယ် မစ်လန်နိုင်းလ်ဟာ အင်္ဂလန်လက်ရွေးစင်အဖြစ်ကနေ သွေဖယ်မသွားရေး ပွဲထွက် ခွင့်ပျောက်ဆုံးနေတဲ့ အာဆင်နယ်ကို မဖြစ်မနေ စွန့်ခွာဖို့လိုအပ်လာတာပါ။

ယခု ဇန်နဝါရီ စျေးကွက်အတွင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရမယ့် အသင်းတစ်သင်းကို မစ်လန်နိုင်းလ်ရှာဖွေနိုင်ဖို့ လိုအပ် နေပြီး ဒီလိုမှ မဟုတ်ရင်တော့ အင်္ဂလန်အသင်းနဲ့အတူ ယူရိုပွဲနွှဲခွင့်ရမယ့် အခွင့်အရေးကို ဘဝမှာ လက်လွှတ်ရ တော့မှာ ဖြစ်ပါတယ်။

ညာနောက်ခံလူအဖြစ်သာမက ကွင်းလယ်မှာပါ ကစားနိုင်တဲ့ မစ်လန်နိုင်းလ်ကို စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းကို ချိတ်ဆက်နေတယ်လို့သိရပါတယ်။

အာဆင်နယ်ပရိသတ်တွေအတွက်တော့ မစ်လန်နိုင်းလ်ဟာ ပြီးခဲ့တဲ့ အက်ဖ်အေဖလားပြိုင်ပွဲတုန်းက အာဆင်နယ် အသင်းချန်ပီယံဖြစ်စဥ် ပြသခဲ့တဲ့ ခြေစွမ်းဟာ မမေ့နိုင်စရာနဲ့ အားကိုးချင်စရာ ခြေစွမ်းဖြစ်ခဲ့ပါတယ်။

ဒါကြောင့် အင်္ဂလန်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဝုလ်ကလည်း နိုင်းလ်ကို စိတ်ဝင်စားနေပြီး နည်းပြ အာတီတာ ကတော့ ကလပ်အတွက်ရည်ရွယ်ပြီး နိုင်းလ်ကိုအ သင်းမှာ ဆက်ရှိနေစေချင်သေးတယ်လို့ ဆိုလာပါတယ်။

နိုင်းလ်အနေနဲ့ စပိန်ကို ရောက်သွားမလား အင်္ဂလန်မှာ အာဆင်နယ်မဟုတ်တဲ့ အခြားကလပ်အသင်းတစ်သင်းကို အငှားနဲ့ ရောက်သွားမလားဆိုတာကတော့ ဇန်နဝါရီ စျေးကွက်မပိတ်ခင် ရင်ခုန်စိတ်လှုပ်ရှားဖွယ်‌စောင့်ကြည့် သွားရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က