ရှက်ဖီးကိုအရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ခြိမ်းခြောက်ခံနေရတာပါ။

ခြိမ်းခြောက်မှုတွေအပြင် မာရှယ်ကို လူမျိုးရေးခွဲခြားမှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပြီး ပြင်သစ်တိုက်စစ်မှူးဟာ ခြေစွမ်းမပြနိုင်တဲ့နောက်မှာ ဖိအားတွေပိုမိုများလာခဲ့ပြီဖြစ်ပါတယ်။


ရှက်ဖီးယူနိုက်တက်ကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ယူနိုက်တက်တိုက်စစ်မှူးမာရှယ်ရဲ့ ဇနီးဟာ အသက်အန္တရာယ်ခြိမ်းခြောက်တဲ့ ပေးစာတွေကို ရရှိနေတယ်လို့ သိရပါတယ်။ ခြိမ်းခြောက်မှုတွေအပြင် မာရှယ်ကို လူမျိုးရေးခွဲခြားမှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပြီး ပြင်သစ်တိုက်စစ်မှူးဟာ ခြေစွမ်းမပြနိုင်တဲ့နောက်မှာ ဖိအားတွေပိုမိုများလာခဲ့ပြီဖြစ်ပါတယ်။



အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်က ၁-၂ နဲ့ ရှက်ဖီးကို အရေးနိမ့်ခဲ့တာဖြစ်ပြီး မာရှယ်နဲ့ နောက်ခံလူတွမ်ဇီဘီတိို့ု အင်စတာဂရမ်မှာ လူမျိုးရေးခွဲခြားမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် ယူနိုက်တက်အသင်းက ဒီလိုပြုလုပ်မှုတွေကို အလိုမရှိသလို ဆန့်ကျင်ရှုတ်ချကြောင်း တရားဝင်စာထုတ်ပြန်ကာ ပြောဆိုခဲ့ပြီး ကစားသမားတွေဘက်ကနေ ကာကွယ်ပေးခဲ့ရပါတယ်။ 

ယူနိုက်တက်ကစားသမားတွေကလည်း အသင်းဖော်တွေဘက်က ထောက်ခံရပ်တည်ပေးခဲ့ကြကာ ဒီလိုပြုလုပ်ခဲ့မှုတွေကို ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ မာရှယ်ရဲ့ ဇနီးဖြစ်သူ Melanie Martial က အခုအခါမှာ သူမရဲ့အင်စတာဂရမ်ကနေ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ပြောဆိုလာတဲ့ မက်ဆေ့ဂျ်တွေကို ပြန်လည်မျှဝေခဲ့ရာမှာ အင်စတာဂရမ်အသုံးပြုသူတစ်ဦးက "မင်းတို့ မန်ချက်စတာက ထွက်သွားတော့၊ အဲဒီလိုမှမဟုတ်ရင်တော့ မာရှယ်ကို သတ်ပစ်မယ်" လို့ ပြောဆိုမှု ပါဝင်ခဲ့ပါတယ်။ 

နောက်ထပ်တစ်ဦးကတော့ သူတို့ရဲ့ ၂နှစ်အရွယ် သားဖြစ်သူ Swan ကိုပါ ခြိမ်းခြောက်တဲ့ ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မာရှယ်ဟာ အဆိုပါပွဲမှာ ခြေစွမ်းပြသနိုင်ခြင်းမရှိသလို အသင်းအတွက် အားကျိုးမာန်တက်ကစားပေးခြင်းမရှိခဲ့လို့ ပြစ်တင်ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ အဆိုပါအကျိုးဆက်အဖြစ် မိသားစုလိုက် အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကိုပါ ရရှိလာခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက်ကတော့ ဒီလို ဦးနှောက်မရှိတဲ့လုပ်ရပ်တွေကို ပြုလုပ်နေသူတွေကို ဖော်ထုတ်ပေးဖို့အတွက် တောင်းဆိုခဲ့ပြီး နောက်နောင်မှာ အခုလိုမျိုးတွေ မဖြစ်ပွားအောင် တားဆီးဖို့အတွက် ဆိုရှယ်မီဒီယာပလက်ဖောင်းတွေ နဲ့ စည်းမျဉ်းအာဏာပိုင်တွေကို တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က