အာဆင်နယ်က အသာရမယ်လို့ ချယ်လ်ဆီးကြယ်ပွင့်ဟောင်းက ယူဆနေပါတယ်။
Pyae Phyo Thein

ယူနိုက်တက်ဟာ ဒီရာသီမှာ အိမ်ကွင်းထက် အဝေးကွင်းရလဒ်တွေ ပိုမိုကောင်းမွန်နေပေမယ့်လည်း ဂျိုကိုးလ်ကတော့ အာဆင်နယ်ကသာ အသာစီးရလိမ့်မယ်လို့ ယူဆနေပါတယ်။


ချယ်လ်ဆီးနဲ့လီဗာပူးလ်ကစားသမားဟောင်း ဂျိုကိုးလ်က ဒီနေ့ညကစားမယ့် အာဆင်နယ်နဲ့ ယူနို်က်တက်တို့ရဲ့ပွဲစဉ်မှာ အိမ်ရှင်အသင်းကသာ အနိုင်ရရှိလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီမှာ အိမ်ကွင်းထက် အဝေးကွင်းရလဒ်တွေ ပိုမိုကောင်းမွန်နေပေမယ့်လည်း ဂျိုကိုးလ်ကတော့ အာဆင်နယ်ကသာ အသာစီးရလိမ့်မယ်လို့ ယူဆနေပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ်မှာ ရှက်ဖီးကို အိမ်ကွင်းမှာပဲ ယူနိုက်တက်တို့ အရေးနိမ့်ခဲ့ပြီးနောက် ဖိအားတွေရှိနေသလို အာဆင်နယ်ကိုလည်း နောက်ဆုံးလေးကြိမ်ဆက်တိုက် အနိုင်မရခဲ့လို့ စိုးရိမ်စရာအဖြစ်တော့ရှိနေပါတယ်။ တစ်ဖက်မှာတော့ အာဆင်နယ်ဟာ နောက်ဆုံးခြောက်ပွဲဆက်တိုက် ရလဒ်ကောင်းတွေရရှိထားပြီး ခြေစွမ်းကောင်းတွေပြန်လည်ရရှိနေတာလည်းဖြစ်ပါတယ်။ 


ဒီပွဲနဲ့ပတ်သက်ပြီး ဂျိုကိုးလ်က JOE.co.uk ကတဆင့် ပြောဆိုသုံးသပ်ခဲ့ရာမှာတော့ "ကျွန်တော်ကတော့ အာဆင်နယ်နဲ့အတူရှိပါမယ်၊ ယူနိုက်တက်မှာ အိုလေလုပ်ပြနေခဲ့တာတွေကို ကျွန်တော်တကယ်သဘောကျတယ်၊ သူက ကောင်းကောင်းလုပ်နိုင်ခဲ့တာပါ၊ ဒါပေမယ့်လည်း ဖိအားတွေရှိနေပါတယ်၊ ဒီပွဲက အာဆင်နယ်အတွက် ပိုပြီးတော့ သင့်တော်တဲ့ ပွဲမျိုးပါ"

"သူတို့နည်းနည်းပိုအလေးသာနေလို့လည်း ကျွန်တော်က အာဆင်နယ်ဘက်မှာ ရှိနေမှာပါ၊ ယူနိုက်တက် အနိုင်ရလိမ့်မယ်လို့ ကျွန်တော်ကတော့မထင်ဘူး" လို့ ဂျိုကိုးလ်က ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ခန့်မှန်းမှုက မှန်ကန်မလားဆိုတာကိုတော့ ဒီနေ့ညမှာ စောင့်ကြည့်ရမှာဖြစ်ပြီး ပရိသတ်တွေကြား နာမည်ကြီးနေတဲ့ မိုက်ကယ်အိုဝင်ကတော့ ဂျိုကိုးလ်နဲ့ ဆန့်ကျင်ဘက်ခန့်မှန်းထားပါတယ်။

အိုဝင်ကတော့ ဒီပွဲကို ယူနိုက်တက်တို့ ၁-၂ နဲ့ အနိုင်ရရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ယူနိုက်တက်ရဲ့ အဝေးကွင်းစွမ်းဆောင်ရည်ကြောင့် အနိုင်ရရှိမယ်လို့ အိုဝင်က ယူဆထားပြီး သူနဲ့ ဂျိုကိုးလ်တို့ နှစ်ဦးမှာ ဘယ်သူကမှန်ကန်မလဲဆိုတာကလည်း စိတ်ဝင်စားဖွယ်ကောင်းနေပါပြီ။ 


Author


က္က