ဂိုးမရှိသရေကျခဲ့ပါတယ်။

ဆိုးလ်ရှားအတွက်တော့ ဆရာဟောင်း ဖာဂူဆန်နှင့်အတူ ၉၉တုန်းက ကစးသမားအဖြစ်နဲ့ ကျော်ဖြတ်ပြနိုင်ခဲ့တဲ့ ၁၇ပွဲဆက် အဝေးကွင်းရှုံးပွဲမရှိစံချိန်ကို ယခု နည်းပြအဖြစ်နဲ့ ၁၈ပွဲဆက် ကစားပြပြီး ကျော်ဖြတ်နိုင်ခဲ့ပါပြီ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းကို အဝေးကွင်းမှာ ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့ပေ မယ့် အဆိုပါ သရေပွဲကြောင့် ၁၉၉၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အဝေးကွင်းရှုံးပွဲမရှိ စံချိန်ကို တင်ရှိနိုင် ခဲ့ပါတယ်။



၉၉တုန်းက ယူနိုက်တက်အသင်း ဖလား ၃လုံး ပိုင်ဆိုင်ခဲ့တဲ့ နှစ်ဖြစ်ပြီး အဲ့ဒီနှစ်ပြီး ယခု ၂၀၂၀နဲ့ ၂၁ ဘောလုံး ရာသီ နှစ်ခုပေါင်းမှာ တော့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ လိဂ်အဝေးကွင်း ၁၈ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ပြန်လည် တင်ရှိ နိုင်ခဲ့တာပါ။

အာဆင်နယ် ၀-၀ ယူနိုက်တက်ပွဲမှာ နှစ်ဖက်စလုံး အခွင့်အရေးကောင်း ကိုယ်စီ ပိုင်ဆိုင်ခဲ့ကြပေမယ့်လည်း အဆုံး သတ်ပိုင်း အားနည်းမှု၊အခွင့်အရေး လွဲချော်မှု စတာတွေကြောင့် ဂိုးအဖြစ် ဘယ်ဖက်မှ မဖန်တီးနိုင်ပဲ ဂိုးမရှိသရေ ဖြစ်ခဲ့ပါတယ်။

ဆိုးလ်ရှားအနေနဲ့ကတော့ ဆရာဟောင်း ဖာဂူဆန်တင်ရှိခဲ့ဖူးတဲ့ အဝေးကွင်း ၁၇ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို တစ်ပွဲ အသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာလို့လည်းသိရပါတယ်။

ဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်ကို လိဂ် အဝေးကွင်း ၁၈ပွဲ၌ ၁၃ပွဲနိုင်ပြီး ၅ပွဲသရေကျအောင် ကစားထားနိုင်ပါ တယ်။

ဒါ့အပြင် အဆိုပါ ၁၈ပွဲမှ စုစုပေါင်းရမှတ် ၄၄မှတ်အထိ စုဆောင်းနိုင်ခဲ့ပြီး ၇ပွဲကတော့ အရှုံးကနေ အနိုင်ရလဒ် ပြန်လည်ဆောင်ကြဥ်းနိုင်ခဲ့တဲ့ပွဲတွေအဖြစ် ပါဝင်နေပါတယ်။

သို့သော်လည်း အာဆင်နယ်နဲ့ သရေကျလိုက်တဲ့အတွက် ယူနိုက်တက်ဟာ မန်စီးတီးထက် တစ်ပွဲပိုကစားအပြီး ၃ပွဲမှတ်လျော့နဲ့ အဆင့် ၂နေရာမှာ ရှိနေရပါတယ်။

တတိယနေရာက လက်စတာစီးတီးအသင်းသာ ယနေ့မှာ လိဒ်ကို အနိုင်ရပါက အဆင့် ၃အထိ ဆင်းသက်ပေးရပါ တော့မယ်။



က္က