သူ့ရဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။

တော့တင်ဟမ်ကွင်းလယ်လူအန်ဒွန်ဘီလီကတော့ ပြင်သစ်ကလပ်ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့အတွက် အရိပ်အမြွက်ပြောဆိုမှုတွေ ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ စပါးနည်းပြအဖြစ် ပိုချက်တီနိုရှိခဲ့စဉ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေးချေပြီး ဝယ်ယူခဲ့ရတဲ့ လိုင်ယွန်ကွင်းလယ်လူဟောင်းဟာ ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းတွေပြသနေသူလည်းဖြစ်ပါတယ်။

မော်ရင်ဟိုရဲ့ စပါးနည်းပြဘဝပထမဆုံးရာသီမှာ ပုံမှန်ကစားခွင့်မရခဲ့တဲ့ ပြင်သစ်ကွင်းလယ်လူဟာ ဒီရာသီမှာတော့ အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေတာလည်းဖြစ်ပါတယ်။ ပီအက်စ်ဂျီကို ပြောင်းရွှေ့နိုင်ဖို့အတွက် ဘတ်ပီနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့လည်း အန်ဒွန်ဘီလီက ဝန်ခံခဲ့ပြီး အနာဂတ်မှာ မဖြစ်နိုင်စရာအကြောင်းမရှိဘူးလို့လည်း ဆိုခဲ့ပါတယ်။ 

ပြင်သစ်သတင်းဌာန Telefoot ကို အန်ဒွန်ဘီလီက ပြောဆိုခဲ့ရာမှာ "ကျွန်တော်က ပဲရစ်ဒေသက ချာတိတ်တစ်ကောင်ပဲ၊ တနေ့နေ့မှာ ပီအက်စ်ဂျီဂျာစီကို ဝတ်ဆင်လို့မရဘူးလား၊ ဘာလို့မရရမှာပဲ၊ ဒါပေမယ့် အခုတော့ ကျွန်တော်က စပါးကစားသမားပါ၊ ကောင်းကောင်းလည်းကစားနေပါတယ်၊ ပီအက်စ်ဂျီကို သွားဖို့ ဘတ်ပီနဲ့ ကျွန်တော်စကားပြောခဲ့ပါတယ်၊ နှစ်နှစ်၊ သုံးနှစ်လောက်ကို ဒီအကြောင်းဆွေးနွေးခဲ့တာပါ"

"အဲဒါက ဖြစ်တော့မလာပါဘူး၊ အခုတော့ ကျွန်တော်က စပါးကစားသမားအဖြစ် အဆင်ပြေချောမွေ့နေပါတယ်၊ ဒါပေမယ့် အနာဂတ်မှာ ဘာလို့မဖြစ်လာရမှာလဲ" လို့ ပြောဆိုခဲ့ပါတယ်။ အန်ဒွန်ဘီလီကတော့ ဒီရာသီမှာပြသနေတဲ့ ခြေစွမ်းကြောင့် ယူရိုပြိုင်ပွဲမှာ ပြင်သစ်အတွက် ရွေးချယ်ခံရမယ်လို့လည်း မျှော်လင့်နေပြီး လက်ရွေးစင်အသင်းကို လွမ်းဆွတ်မိတယ်လို့ ဆိုပါတယ်။ 

"လက်ရွေးစင်အသင်းကို သတိရမိပါတယ်။ ယူရိုပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့က ကျွန်တော့်ရဲ့ စိတ်ထဲက ရည်မှန်းချက်တစ်ခုပါပဲ၊ တကယ်လို့ ကလပ်အသင်းမှာ ကောင်းကောင်းကစားပြနိုင်ရင် သူတို့ ကျွန်တော့်ကို မခေါ်ယူစရာအကြောင်းမရှိနိုင်ဘူးလေ" လို့ အန်ဒွန်ဘီလီက ပြောဆိုသွားခဲ့ပါတယ်။ 



က္က