ပြိုင်ပွဲစုံ ၁၅ ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့တာပါ။

ဒီနိုင်ပွဲဟာ မန်စီးတီးအတွက်တော့ ပြိုင်ပွဲစုံ ၁၅ ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းမှာတော့ ဘယ်အသင်းမှ မစွမ်းဆောင်နိုင်ခဲ့မှုကို စွမ်းဆောင်ပြခဲ့တာလည်းဖြစ်ပါတယ်။ 


ပရီးမီးယားလိဂ်မှာ တောက်လျှောက်နိုင်ပွဲဆက်နေတဲ့ မန်စီးတီးအသင်းဟာ အက်ဖ်အေဖလားပဥ္စမအဆင့်မှာလည်း ဆွမ်ဆီးကို အနိုင်ယူပြီး နောက်တဆင့်ကိုတက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီနိုင်ပွဲဟာ မန်စီးတီးအတွက်တော့ ပြိုင်ပွဲစုံ ၁၅ ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းမှာတော့ ဘယ်အသင်းမှ မစွမ်းဆောင်နိုင်ခဲ့မှုကို စွမ်းဆောင်ပြခဲ့တာလည်းဖြစ်ပါတယ်။ 

ဂွာဒီယိုလာရဲ့ မန်စီးတီးနည်းပြဘဝ ပွဲ ၂၀၀ ပြည့်တဲ့ အထိမ်းအမှတ်ပွဲစဉ်မှာ ၁-၃ နဲ့ အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပြီး သမိုင်းဝင်စံချိန်မှတ်တမ်းကိုပါ ရယူနိုင်ခဲ့တာဖြစ်တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ မန်စီးတီးအတွက် စတာလင်၊ ဂျီးဆပ်တို့ခြေစွမ်းပြကာ ဂိုးတွေဆက်သွင်းပေးခဲ့ပြီး အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ အသင်းဟာ အက်ဖ်အေဖလားကွာတားဖိုင်နယ်ကို တက်လှမ်းခဲ့ပြီး ဖလားလေးလုံးအတွက် ပစ်မှတ်ထားနိုင်ဆဲဖြစ်ပါတယ်။ 

"ကစားသမားတွေက သူတို့ဘယ်လောက်ထိကောင်းမွန်လဲဆိုတာကို ပြသခဲ့ကြပါတယ်၊ အခုမှတ်တမ်းက ကျွန်တော်တို့အတွက် တော်တော်လေးကောင်းမွန်ပေမယ့်လည်း ချိုးဖျက်ခံရဦးမှာပါ၊ အားကစားမှာက ဒီလိုပါပဲ၊ အရေးကြီးတာကတော့ လက်ရှိတည်ငြိမ်မှုကို ထိန်းသိမ်းဖို့နဲ့ နောက်ပွဲတွေအတွက် စဉ်းစားဖို့ပါ" လို့ ပွဲအပြီးမှာ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။ 

ဒီဇင်ဘာလအတွင်းမှာ အမှတ်ပေးဇယားရဲ့ အလယ်အထက်မှာပဲရှိနေတဲ့ မန်စီးတီးဟာ ဝက်ဘရွန်းစ်နဲ့ တစ်ဂိုးစီသရေကျခဲ့ပြီးနောက် သူတို့အသင်းရဲ့ ရလဒ်နဲ့ ကစားဟန်တွေကို ပြောင်းလဲပစ်နိုင်ခဲ့ကာ အမှတ်ပေးပွဲ ၁၀ ပွဲဆက်တိုက်အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိမှာ ဒုတိယနေရာက ယူနိုက်တက်ထက် တစ်ပွဲလျော့ကစားထားပြီး ငါးမှတ်အသာနဲ့ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။ 

ကာရာဘောင်းဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ မန်စီးတီးက ရောက်ရှိနေပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကိုလည်း တက်ရောက်ထားနိုင်ခဲ့လို့ တစ်ရာသီအတွင်း ဖလားလေးလုံးတစ်ပြိုင်တည်းရယူနိုင်ဖို့ မျှော်လင့်ချက်က ရှင်သန်အားကောင်းနေဆဲလည်းဖြစ်ပါတယ်။



က္က