သွင်းဂိုး ၂၀၉ ဂိုးအထိ ရရှိသွားခဲ့ပါပြီ။
Pyae Phyo Thein

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ပွဲကစားချိန် ၈၃ မိနစ်မှာ ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပြီး မှတ်တမ်းကောင်းတစ်ခုရရှိခဲ့ပေမယ့် အသင်းရှုံးပွဲတွေ့ခဲ့လို့ စိတ်ပျက်စရာတော့ဖြစ်ခဲ့ရပါတယ်။ 


အဲဗာတန်ကို ၅-၄ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ စပါးအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူးဟယ်ရီကိန်းဟာ အသင်းသမိုင်းတစ်လျှောက် ဒုတိယမြောက်သွင်းဂိုးအများဆုံးကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ပွဲကစားချိန် ၈၃ မိနစ်မှာ ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပြီး မှတ်တမ်းကောင်းတစ်ခုရရှိခဲ့ပေမယ့် အသင်းရှုံးပွဲတွေ့ခဲ့လို့ စိတ်ပျက်စရာတော့ဖြစ်ခဲ့ရပါတယ်။ 



အဲဗာတန်က အချိန်ပိုမှာ ဘားနတ်ရဲ့ သွင်းဂိုးနဲ့ နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီး မော်ရင်ဟိုရဲ့ စပါးဟာ အက်ဖ်အေဖလားပဥ္စမအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပြီဖြစ်ပါတယ်။ ဟယ်ရီကိန်းကတော့ စပါးအတွက် ပြိုင်ပွဲစုံ ၃၁၈ ပွဲကစားပေးအပြီးမှာ ၂၀၉ ဂိုးအထိ ရရှိသွားခဲ့တာဖြစ်ပြီး စပါးရဲ့ ထာဝရဂိုးသွင်းအများဆုံးအဖြစ်ရပ်တည်နေသူ ဂျင်မီဂရေ့ဗ်ကို လိုက်မီဖို့ ၅၇ ဂိုးသာ လိုအပ်တော့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 

ဂျင်မီဂရေ့ဗ်က စပါးအတွက် ၃၇၉ ပွဲကစားပေးခဲ့ပြီး ၂၆၆ ဂိုးရရှိခဲ့သူဖြစ်ကာ ထိပ်ဆုံးငါးဦးစာရင်းမှာတော့ မာတင်ချီဗာက ၁၇၄ ဂိုး၊ ကလစ်ဂျုန်းစ်က ၁၅၉ နဲ့ ပါဝင်နေပြီး တတိယနေရာမှာ ဘော်ဘီစမစ်က ၂၀၈ ဂိုးနဲ့ ရှိနေပါတယ်။ စပါးနည်းပြမော်ရင်ဟိုကတော့ သူ့ရဲ့နည်းပြဘဝ ၉၈၁ ပွဲမြောက်ကို ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲတည်းမှာ သွင်းဂိုးလေးဂိုးနဲ့ ရဂိုးလေးဂိုးအထိ ဖြစ်ပေါ်ခဲ့တဲ့ပွဲဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

မော်ရင်ဟိုအတွက်လည်း တစ်ပွဲတည်းမှာ လေးဂိုးပေးရတာ ခြောက်ပွဲမြောက်ဖြစ်လာခဲ့ပြီး ၂၀၁၅၊ ဇန်နဝါရီနောက်ပိုင်း ပထမဆုံးအကြိမ် လေးဂိုးခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။ စပါးကတော့ နောက်ပိုင်းပွဲစဉ်တွေမှာ တောက်လျှောက်ရလဒ်တွေဆိုးရွားနေပြီး အမှတ်ပေးဖလားကို စိန်ခေါ်နိုင်တဲ့အနေအထားကနေ ယုတ်လျော့ခဲ့ရပြီဖြစ်ကာ ကာရာဘောင်းဖလားဗိုလ်လုပွဲတက်ရောက်ထားနိုင်လို့သာ ဆုဖလားမျှော်လင့်ချက်ရှိနေသေးတာလည်းဖြစ်ပါတယ်။ 


Author


က္က