အင်္ဂလန်အသင်းဖော်တွေလည်း ဖြစ်ကြပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဆန်ချိုမရောက်ခင် တစ်ပတ်အလိုတုန်းကဆိုရင်လည်း တိကျသေချာတဲ့ သတင်းတစ်ခုကို တင်ခဲ့ပြီး မှ အကောင့် ဟက်ခ်ခံရတယ်ဆိုပြီး လျှောချခဲ့ပါတယ်။

အသင်းနှင့်အတူ အပြီးသတ် သဘောတူညီမှု ရလိုက်တဲ့ အင်္ဂလန် ကစားဖော် ဆန်ချိုကို ယူနိုက်တက် တိုက်စစ် မှူး ရက်ရှ်ဖို့ဒ်က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း တရားဝင် ထုတ်ဖော်ပြောလာပါတယ်။



ဒါဟာ ဆန်ချိုကို ယူနိုက်တက်အသင်းမှာ ပထမဆုံး ကြိုဆိုကြောင်း ထုတ်ဖော်ပြောသူ အဖြစ်လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုဟာ နီးကပ်တဲ့ ဆက်ဆံရေး တစ်ခုမှာ ရှိနေတယ်ဆိုတာ သတိထားမိနိုင်ပြီး အကြောင်းကတော့ ဆန်ချို အပြီးသတ် မပြောင်းရွှေ့ခင် တစ်ပတ်အလိုလောက်တုန်းကဆိုရင် ရက်ရှ်ဖို့ဒ်က သူ့ အကောင့်မှတဆင့် ဆန်ချိုနဲ့ ပတ်သက်ပြီး တိကျတဲ့သတင်းတစ်ခု ရေးသား ခဲ့ပါသေးတယ်။

နောက်ပိုင်းမှာတော့ အကောင့် ဟက်ခ်ခံရတယ်ဆိုပြီး ရှောချသွားခဲ့ပေမယ့် ဒီသတင်းဟာ အမှန်တကယ် ဖြစ်လာ တာကို ထောက်ချင့်ခြင်းဖြင့် နှစ်ဦးသား ဆက်ဆံရေးရင်းနှီးစွာ ရှိတယ်ဆိုတာ သတိထား မိနိုင်မှာပါ။

ဆန်ချိုဟာ ယူနိုက်တက်ကို ရောက်တဲ့ အတွက် ယခု‌ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်ရဲ့ ပထမဆုံး ကစား သမား ခေါ်ယူမှုလည်း ဖြစ်လာပါတယ်။

ယူနိုက်တက်ဟာ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး အဖြစ် ပေါင် ၇၃သန်း ပေးချေဖို့သဘောတူခဲ့ရပြီး အခြားသော နောက်ခံလူ တစ်ဦးကိုလည်း ဖြည့်စွက်ဖို့ စီစဥ်နေတယ်လို့သိရပါသေးတယ်။



က္က