မနှစ်က ဘောလုံးရာသီမှာ ကတည်းက ရရှိထားတဲ့ ဒဏ်ရာပါ။

မနှစ်ကတည်းက ရရှိထားတဲ့ ပုခုံးဒဏ်ရာကို မခွဲစိတ်ပဲ ကြိတ်မှိတ်နေပြီး နိုင်ငံအသင်းနှင့်ပါ ယူရိုပွဲ ဆင်နွှဲခဲ့တာပါ။

မန်ချက်စတာ ယူနိူက်တက်နှင့် အင်္ဂလန်အသင်း တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ အီတလီအသင်းနဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ ပင်နယ်တီ ဝင်အောင် ကန်သွင်းနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။



ယခုအခါ ယခင် ဘောလုံးရာသီတုန်းက ရရှိခဲ့တဲ့ ပုခုံး ဒဏ်ရာကို မခွဲစိတ်ပဲ ကြိတ်ကုနေရာမှ ယခုအခါ ခွဲစိတ်ကုသ ဖို့ ဆုံးဖြတ်လာတာပဲ ဖြစ်ပါတယ်။

အသက် ၂၃နှစ်အရွယ် ရက်ရှ်ဖို့ဒ်ဟာ အီတလီအသင်းနဲ့ အင်္ဂလန်အသင်း ဗိုလ်လုပွဲမှာ ပွဲပြီးခါနီး လူစား ဝင်ကစား ခွင့်ရ ခဲ့ပြီး နည်းပြ ဆောက်ဂိတ်က ပင်နယ်တီ ကန်သွင်းစေလိုတဲ့ ရည်ရွယ်ချက် သက်သက်နဲ့ ထည့်သွင်း ခဲ့တယ် လို့တောင် ယူဆရဖွယ်ရှိခဲ့တာပါ။

ဒါပေမယ့်လည်း ရက်ရှ်ဖို့ဒ်ဟာ ဆန်ချို၊ဆာကာတို့နည်းတူ ပင်နယ်တီကို ဝင်အောင် ကန်သွင်းနိုင်ခြင်း မရှိခဲ့ပဲ အင်္ဂလန် အသင်းလည်း ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပါတယ်။

ယခုအခါမှာတော့ ရက်ရှ်ဖို့ဒ်ဟာ ၂၀၂၀-၂၁ ဘောလုံးရာသီ နှောင်းပိုင်းလောက်မှာ ရရှိထားတဲ့ ပုခုံးဒဏ်ရာကို မခွဲ စိတ်ပဲ သာမာန် ကုသနေရာမှ ခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်တာပါ။

ချက်ခြင်း ခွဲစိတ်ကုသဖို့ စီစဥ်နေပေမယ့်လည်း ခွဲစိတ်ကုသနိုင်မယ့်ရက်ကတော့ ဂျူလိုင်လ မကုန်ခင်အထိ ရရှိ အုံးမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ဒဏ်ရာရဲ့ အတိမ်အနက်အရ ခွဲစိတ်လိုက်မယ်ဆိုရင် ရက်ရှ်ဖို့ဒ်ဟာ ၂၀၂၁-၂၂ ဘောလုံးရာသီအစ ၂လခန့်လောက် ကိုတော့ သေချာပေါက် လွဲချော်သွားရတော့မှာပါ။

ဒါဟာ နည်းပြ ဆိုးလ်ရှားအတွက် ရာသီအစ ပြင်ဆင်မှုတွေကို အနည်းနဲ့အများထိခိုက်စေလာမှာ အမှန်ပင်လည်း ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ကတော့ မနှစ်က ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းအတွက် လိဂ် ၃၇ပွဲကစား ၁၁ဂိုး သွင်းယူပေး နိုင်ခဲ့ပေမယ့် ယခု ယူရို ၂၀၂၀ ပြိုင်ပွဲမှာတော့ အင်္ဂလန်အတွက် ထူးထူးခြားခြား စွမ်းဆောင်ပေးနိုင်ခြင်း အလျဥ်းမရှိ ခဲ့ပါဘူး။


ဆက်စပ်အကြောင်းအရာများ



က္က