အက်စတာရုဒ်နဲ့ ခြေစမ်းပွဲက ပုံရိပ်ကို ပြစ်တင်နေကြတာပါ။

အက်စတာရုဒ်နဲ့ ခြေစမ်းပွဲမှာ ထွက်ပေါ်လာတဲ့ ဝီလီယံရဲ့ ကြံ့ခိုင်မှု ပုံရိပ်ဟာ အာဆင်နယ် ပရိသတ်တွေ အဖို့ အနည်းငယ် စိတ်ကသိကအောက် ဖြစ်စေမှာ အမှန်ပင်။

အာဆင်နယ်ပရိသတ်တွေအတွက်ကတော့ ၂၀၂၁-၂၂ ဘောလုံးရာသီ စပြီ ဆိုလိုက်ကတည်းက စိတ်ပျက် စရာ တစ်ခုခုနဲ့ စတင်လိုက်ရပါပြီ။



အကြောင်းကတော့ အသင်းရဲ့ အဓိကကစားသမား တစ်ဦး ဖြစ်တဲ့ ဝီလီယံရဲ့ ကြံ့ခိုင်မှုပိုင်းဟာ အပျော်တမ်း ဘောလုံး သမားတစ်ဦး သဖွယ် ဖြစ်နေခဲ့တာပါ။

အင်္ဂါနေ့က ကစားခဲ့တဲ့ အက်စတာရုဒ်အသင်းနဲ့ ပထမဆုံး ခြေစမ်းပွဲမှာလည်း ၂-၁နဲ့ အရေးနိမ့်ခဲ့ပြီး အဆိုပါပွဲမှာ ပါဝင်ကစားသွားတဲ့ ဝီလီယံရဲ့ ကြံ့ခိုင်မှု ပုံစံကတော့ အမြင်အားဖြင့် မတင့်တယ်လှတာကိုလည်း တွေ့မြင် နိုင်ပါတယ်။

ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးမှာ မဖြစ်မနေ ရှိသင့်ရှိထိုက်တဲ့ ကြံ့ခိုင်မှုကို မရရှိပဲ အပျော်တမ်း ကစားသ မား တစ်ဦးပမာ ရုပ်ပျက် ဆင်းပျက် ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ ဝီလီယံကို မြင်တွေ့လိုက်ရတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ထပ် ၂ရက်အကြာ အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဥ်တစ်ခုမှာ မြင်တွေ့ရတဲ့ ဝီလီယံရဲ့ ဓာတ်ပုံကတော့ ပွဲနေ့တုန်းက မြင်ရတဲ့ ဖောင်းကားနေတဲ့ ဗိုက်ကြီး မဟုတ်တော့ပါဘူး။

၄၈နာရီအတွင်း ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ် အချိုးအစားအတွက် အဖြေက ဘာလဲဆိုတာ ရှာဖွေခဲ့ကြရာမှာတော့ ဝီလီယံဟာ အဆိုပါ အက်စတာရုဒ်အသင်းနဲ့ပွဲမှာ ကြံ့ခိုင်မှု စစ်ဆေးချက်အရ ကြံ့ခိုင်မှု နည်းပြရဲ့ ညွှန်ကြားချက် အတိုင်း ဂျာစီ‌အောက်မှာ အလေးချိန်ပါ ကုဒ်တစ်ခုကို ဝတ်ဆင်ထားရတာလို့သိရပါတယ်။

ဒါကြောင့် ဗိုက်သားပိုင်းမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့တာဖြစ်ပြီး လူစားလဲချိန်မှာတော့ ချွတ်လိုက်တယ်လို့ သိရ ပါတယ်။

မသိသူတွေကတော့ ဝီလီယံရဲ့ ကြံ့ခိုင်မှု ထိန်းသိမ်း စောင့်ရှောက်မှုအပေါ် ပြစ်တင် ကဲ့ရဲ့နေကြပြီး အထင်နဲ့ အမြင် လွဲနေတာကိုတော့ နောက်ဆုံးကျမှ သိလိုက်ကြရပါတယ်။

ဝီလီယံနဲ့ အာဆင်နယ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ လာမယ့်နွေရာသီမှာ ပြည့်မှာ ဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၂သိန်း၂သောင်းနဲ့ အလွတ်ခေါ်ယူထားတဲ့ ကစားသမား ဖြစ်လို့ စာချုပ်သက်တမ်းတိုးမှာလား မတိုးဘူးလား ဆိုတာကလည်း စောင့်ကြည့်ရမှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က