အသင်းဟောင်းဘိုအာဗစ္စတာနဲ့ လေ့ကျင့်နေတာပါ။

အားလပ်ရက်ရရှိထားပေမယ့်လည်း ဖာနန်ဒက်စ်ကတော့ အနားယူမယ့်ရက်တွေကို လျှော့ချလိုက်ကာ စောစောစီးစီး ပြန်လည်လေ့ကျင့်နေပြီး အသင်းနဲ့ပူးပေါင်းခြင်းတော့မရှိသေးဘူးလို့ သိရပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ သူ့ရဲ့အားလပ်ရက်တွေကို လျှော့ချလိုက်ပြီး ပေါ်တူဂီမှာ လေ့ကျင့်ခန်းတွေပြန်လည်ပြုလုပ်နေပြီလို့ သိရပါတယ်။ ပေါ်တူဂီမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဖာနန်ဒက်စ်ဟာ အသင်းဟောင်းဘိုအာဗစ္စတာလေ့ကျင့်ရေးကွင်းမှာ သွားရောက်လေ့ကျင့််နေတာဖြစ်ပြီး ဒီအကြောင်းကိုလည်း ပေါ်တူဂီကလပ်က တွစ်တာကနေ ဖော်ပြခဲ့ပါတယ်။ 

အသက် ၂၆ နှစ်အရွယ် ပေါ်တူဂီကွင်းလယ်လူဟာ ယူရိုပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ အသင်းကလည်း ၁၆ သင်းအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အားလပ်ရက်ရရှိထားပေမယ့်လည်း ဖာနန်ဒက်စ်ကတော့ အနားယူမယ့်ရက်တွေကို လျှော့ချလိုက်ကာ စောစောစီးစီး ပြန်လည်လေ့ကျင့်နေပြီး အသင်းနဲ့ပူးပေါင်းခြင်းတော့မရှိသေးဘူးလို့ သိရပါတယ်။

ဘိုအာဗစ္စတာအသင်းကလည်း သူတို့ရဲ့တွစ်တာကနေ "စိတ်မပူပါနဲ့ ယူနိုက်တက်၊ ပိုပြီးကောင်းတဲ့ ဖာနန်ဒက်စ်အဖြစ်နဲ့ ပြန်ရောက်လာပါလိမ့်မယ်" လို့ ရေးသားပြောဆိုခဲ့ပါတယ်။ ဖာနန်ဒက်စ်နဲ့အတူ နောက်ထပ်တစ်ဦးက ပူးတွဲလေ့ကျင့်ပေးနေပြီး အပေါ့စားလေ့ကျင့်ခန်းတွေအပြင် အခြားသောလေ့ကျင့်မှုတွေကိုပါ ပြုလုပ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ 

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် ၂၈ ဂိုးအထိသွင်းယူကာ အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ယူရိုပြိုင်ပွဲမှာတော့ ထူးထူးခြားခြားလုပ်ပြနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း ယူနိုက်တက်မှာ အချိန်တိုအတွင်း အသင်းရဲ့အရေးအပါဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ဆိုးလ်ရှားရဲ့ ယုံကြည်မှုကို အပြည့်အဝရရှိခဲ့ကာ တစ်ရာသီခွဲအတွ်း ပွဲပေါင်း ၈၀ အထိ ဖာနန်ဒက်စ်က ကစားပေးခဲ့ရပြီး ဂိုးပေါင်း ၄၀ အထိ ရရှိထားခဲ့ပြီးဖြစ်ပါတယ်။ 



က္က