အသင်းကထွက်သွားမှာကို စိတ်ပူနေကြတာပါ။

အသင်းကို ပြန်လည်ရောက်ရှိလာချိန်မှာ ဆွန်ဟောင်မင်ရဲ့ ပုံစံက တက်ကြွမှုမရှိဖြစ်နေခဲ့ပြီး သူ့ကိုနှုတ်ဆက်သူတွေကိုလည်း ဝတ်ကျေတန်းကျေသာ ပြန်လည်တုံ့ပြန်ခဲ့ကာ ဒိအပေါ်မှာ ပရိသတ်တွေကတော့ စိုးရိမ်ပူပန်နေကြပါတယ်။ 


စပါးအသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ ဆွန်ဟောင်မင်ဟာ ရာသီကြိုပြင်ဆင်လေ့ကျင့်မှုတွေပြုလုပ်ဖို့အတွက် အသင်းနဲ့အတူ ပူးပေါင်းခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းကို ပြန်လည်ရောက်ရှိလာချိန်မှာ ဆွန်ဟောင်မင်ရဲ့ ပုံစံက တက်ကြွမှုမရှိဖြစ်နေခဲ့ပြီး သူ့ကိုနှုတ်ဆက်သူတွေကိုလည်း ဝတ်ကျေတန်းကျေသာ ပြန်လည်တုံ့ပြန်ခဲ့ကာ ဒိအပေါ်မှာ ပရိသတ်တွေကတော့ စိုးရိမ်ပူပန်နေကြပါတယ်။ 

နည်းပြသစ်အဖြစ် နူနိုဆန်တိုကို ခန့်အပ်ထားပြီး အဓိကတိုက်စစ်မှူးဟယ်ရီကိန်းရဲ့ အနာဂတ်ကလည်း မတည်မငြိမ်ဖြစ်နေချိန်မှာ ဆွန်ဟောင်မင်ကပါ တစခန်းထလာခဲ့တာဖြစ်ပါတယ်။ ဟယ်ရီကိန်းက အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုထားတယ်လို့ သိရပြီး ဒါဟာ သူနဲ့တွဲဖက်ညီညီကစားနေတဲ့ ဆွန်ဟောင်မင်ကို စိတ်ပျက်စေခဲ့ပြီး အခုလိုပုံစံဖြစ်နေခဲ့တာလို့ ယူဆနေကြပါတယ်။ 



စပါးရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဆွန်ဟောင်မင်ဟာ ပြီးခဲတဲ့့ရာသီက အသင်းအတွက် ဂိုးပေါင်း ၂၀ အထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဟယ်ရီကိန်းနဲ့တွဲဖက်ပြီး ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတိုက်စစ်အတွဲအဖြစ် ရပ်တည်နိုင်ခဲ့ကာ စံချိန်သစ်တွေလည်း တင်နိုင်ခဲ့လို့ တောင်ကိုရီးယားကြယ်ပွင့်က ကိန်းမရှိတော့မယ့် အရေးကို တွေးပူနေပုံလည်းရပါတယ်။ 


ပရိသတ်တွေကလည်း ထင်မြင်ချက်အမျိုးမျိုးပြောနေခဲ့ပြီး စပါးမှာ ဆွန်ဟောင်မင်လည်း ရှိမနေချင်တော့တဲ့ပုံပဲလို့ ရေးသားပြောဆိုခဲ့ကြပါတယ်။ ဆွန်ဟောင်မင်ဟာ ၂၀၁၅ ခုနှစ်မှာ လေဗာကူဆင်ကနေ ပြောင်းရွှေ့လာခဲ့ပြီး ပြိုင်ပွဲစုံ ၂၈၀ အထိ ကစားပေးထားကာ ၁၀၇ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ရပ်တည်နို်င်ခဲ့သူလည်းဖြစ်ပါတယ်။ 



က္က