အမေရိကန်မှာ အင်တာမီလန်အသင်းနဲ့ ကစားဖို့ရှိတာပါ။

ကိုဗစ်ပိုးမတွေ့တဲ့ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို အမေရိကန် စေလွှတ်နိုင်ရေးတော့ ကြိုးပမ်းကြည့် နေတယ်လို့ သိရပါတယ်။

၂၀၂၁-၂၂ ဘောလုံးရာသီအကြို ခြေစမ်း ခရီးစဥ်များ စတင်နေပြီ ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ မကြာမီ အမေရိ ကန်ကို ခြေစမ်း ခရီးထွက်မယ့် အစီအစဥ်ကိုတော့ ဖျက်သိမ်းလိုက်ရပြီလို့ သိရပါတယ်။



ခြေစမ်း ခရီးမှာ လိုက်ပါကြမယ့် ကစားတွေထဲက အနည်းစုသော ကစားသမားများမှာ ကိုဗစ်ပိုး တွေ့ရှိခဲ့လို့ အာဆင်နယ်အသင်းဖက်က ဖျက်သိမ်းပေးဖို့ တောင်းဆိုလာတာလို့လည်း သိရပါတယ်။

အမေရိကန် ခရီးစဥ်မှာတော့ နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ အီတလီ ကလပ် အင်တာမီလန်၊အဲဗာ တန်(သို့)ကိုလံဘီယာကလပ် အသင်းတစ်သင်းသင်းနဲ့ ကစားဖို့စီစဥ်ထားတာလို့ သိရပါတယ်။

အာဆင်နယ်အသင်းဖက်က နောက်ဆုံး သတင်းပေးပို့ထားချက်အရ အာဆင်နယ် ကစားသမားတွေထဲက အမေရိ ကန်ကို ခရီးထွက်နိုင်မယ့် သူတွေကို မျှော်လင့်နေဆဲလို့တော့ သိထားရပါသေးတယ်။

ကိုဗစ် ပေါ့စတစ် ဖြစ်တဲ့သူတွေကတော့ သီးခြားနေထိုင်းခိုင်းထားပြီ ဖြစ်ပြီး ပိုးမတွေ့တဲ့ ကစားသမားတွေနဲ့ အစုအဖွဲ့ကို အမေရိကန် ခြေစမ်း ခရီးစဥ်ကို ခေါ်ဆောင်နိုင်ရေး ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။

အာဆင်နယ်အသင်းကတော့ ယခုနှစ် ဘောလုံးရာသီသစ်အတွက် ကစားသမားအချို့ကို ခေါ်ယူထားပြီး နောက် ထပ်လည်း ချဲလ်ဆီးတိုက်စစ်မှူး အေဗရာဟင်ကို အငှားနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က