အသက် ၂၉နှစ်ရှိပါပြီ။

ဆွန်ဟာ မနှစ်က လိဂ် ၁၇ဂိုးသွင်းနိုင်ပြီး စပါးကို အဆင့်၇ ရပ်တည်နိုင်စေခဲ့ကာ ဥရောပ ကွန်းဖရင့်လိဂ်ကို ဝင် စေထားနိုင်ပါတယ်။

စပါးအသင်းရဲ့ တောင်ကိုရီးယား တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ကလပ်အသင်းနှင့် အတူ ၂၀၂၅အထိ ဆက်ရှိနေ မယ့် စာချုပ်သစ် တစ်ရပ်ကို ချုပ်ဆိုလိုက်နိုင်ပါတယ်။



အသက် ၂၉နှစ်ရှိပြီ ဖြစ်တဲ့ ဆွန်ဟာ စပါးအသင်းနှင့်အတူ ပွဲပေါင်း ၂၈၀ ကစားအပြီး ဂိုးပေါင်း ၁၀၇ဂိုးထိ သွင်းယူ ပေးထားနိုင်သူပါ။

အလားတူ နိုင်ငံအသင်းဖြစ်တဲ့ တောင်ကိုရီးယားအသင်းအတွက်လည်း ၉၃ပွဲထိ ကစားကာ ၂၇ဂိုးသွင်းယူထားပြီး ကမ္ဘာ့ဖလား ၂ကြိမ် ပါဝင်ထားနိုင်ပါပြီ။

“စပါးမှာ ကစားရတာ အင်မတန်မှ ဂုဏ်ယူစရာကောင်းပါတယ်။ လွန်ခဲ့တဲ့ ၆နှစ်ကတည်းက ဒီလို ခံစားမှုမျိုးက ပိုပို တိုးလာပါတယ်။ကလပ်အသင်းက ကျွန်တော့်ကို လေးစားမှုပေးတယ်၊အရှင်းဆုံးပြောရရင် ကျွန်တော် ဒီမှာ ကစား ရတာ ပျော်ရွှင်မိပါတယ်။”လို့ ဆွန်က ပြောပါတယ်။

ဆွန်ဟောင်မင်ဟာ စပါးအသင်းနှင့်အတူ အောင်မြင်မှု မရရှိထားပေမယ့်လည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ တစ်ကြိမ် တက်လှမ်းထားနိုင်ပါတယ်။

ဒါကြောင့် စပါးအသင်းနှင့်အတူ လာမယ့်နှစ် ဘောလုံးရာသီတွေမှာ ဆုဖလား အောင်မြင်မှု ရရှိပြီး ဖလားကိုင်မြှောက် နိုင်မလားဆိုတာလည်း စိတ်ဝင်စားဖွယ် ‌စောင့်ကြည့်သွားရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က