လက်ရွေးစင်အသင်းဖော်ဟောင်းလည်းဖြစ်ပါတယ်။

ဗာရာနီကတော့ ယူနိုက်တက်ကို ပေါင် ၄၁ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 


ယူနိုက်တက်အသင်းနောက်ခံလူဟောင်းပက်ထရစ်အီဗရာက ဗာရာနီကို အသင်းဟောင်းက ခေါ်ယူအပြီးမှာ ရီယိုဖာဒီနန်ကို သတိရမိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဗာရာနီကို ခေါ်ယူနိုင်ခဲဲ့တာဟာ ထိပ်တန်းခေါ်ယူမှုတစ်ခုဖြစ်တယ်လို့လည်း သူက သုံးသပ်ခဲ့ပြီး အသင်းဖော်ဟောင်းဖာဒီနန်နဲ့ ခိုင်းနှိုင်းခဲ့တာပါ။ ဗာရာနီကတော့ ယူနိုက်တက်ကို ပေါင် ၄၁ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

အီဗရာကတော့ ယူနိုက်တက်မှာ ကာလရှည်ကစားခဲ့သူဖြစ်ပြီး ရီယိုဖာဒီနန်နဲ့ အသင်းဖော်တွေဖြစ်ခဲ့သူပါ။ အင်္ဂလန်နောက်ခံလူဟောင်းဖာဒီနန်ဟာ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်ပြီး အမှတ်ပေးဖလား ၆ လုံးနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ကာ ကမ္ဘာ့အဆင့်နောက်ခံလူအဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး မန်ချက်စတာယူနိုက်တက်အသင်းခံစစ်ပိုင်းမှာ အားကိုးအားထားပြုခဲ့ရသူဖြစ်ပါတယ်။


The Athletic နဲ့ တွေ့ဆုံမှုမှာ အီဗရာက "ဗာရာနီက ကျွန်တော့်ကို ဖာဒီနန်ကိုအမှတ်ရစေခဲ့ပါတယ်၊ အမြင့်ဘောထူးချွန်သူ၊ ဘောလုံးကိုင်ကစားနိုင်သူ၊ သူက ပြီးပြည့်စုံတဲ့ ခံစစ်မှူးပါ၊ ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ကျွန်တော်ပထမဆုံးကစားခဲ့တဲ့ပွဲကို သတိရမိပါတယ်၊ ဗာရာနီက ငယ်ရွယ်သေးပြီးတော့ ဘောလုံးကိုင်ကစားတာလည်းကောင်းမွန်ပါတယ်၊ လျင်မြန်ပြီး ပြီးပြည့်စုံတဲ့ ကစားသမားပါ၊ ခေါင်းအေးအေးထားကစားတတ်ပြီး ဂိုးလည်းသွင်းယူနိုင်သူပါ၊ ယူနိုက်တက်အတွက်တော့ ထိပ်တန်းခေါ်ယူမှုတစ်ခုပါပဲ" လို့ ဆိုပါတယ်။ 


ဗာရာနီကတော့ ရီးရဲလ်မက်ဒရစ်မှာ ၁၀ နှစ်ကြာကစားခဲ့တဲ့ အတွေ့အကြုံရှိပြီး နာမည်ကျော်နောက်ခံလူရာမို့စ်နဲ့ တွဲဖက်ကစားခဲ့တာဖြစ်ပါတယ်။ ပွဲပေါင်း ၂၆၀ ကျော် ကစားပေးခဲ့ပြီး ၁၇ ဂိုးသွင်းယူပေးခဲ့ကာ လာလီဂါဖလား ၃ လုံး၊ ချန်ပီယံလိဂ်ဖလား ၄ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပြင်သစ်နဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ သူ့အသင်းဗဟိုခံစစ်မှာ မက်ဂွိုင်းယားနဲ့ တွဲဖက်ကစားစေမှာလည်း ဖြစ်ပါတယ်။ 



က္က