ဂျိုဗီတစ်ရဲ့ လှည်စားမှုကိုခံခဲ့ရပြီး အရုပ်ကြိုးပြတ်ဖြစ်ခဲ့ရပါတယ်။

ဗန်ဒိုက်တစ်ယောက် အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရပြီး ပြိုင်ဘက်ဖြစ်သူရဲ့ လှလှပပလှည့်စားမှုကို ခံခဲ့ရကာ အသင်းဧရိယာအတွင်း ဒူးထောက်ကျန်ခဲ့ရပြီး ဂိုးသွင်းတာကိုလည်း ခံခဲ့ရတာဖြစ်ပါတယ်။


ပြီးခဲ့တဲ့ရာသီက အဲဗာတန်နဲ့ပွဲမှာ အရွတ်ဒဏ်ရာရရှိသွားခဲ့တဲ့ လီဗာပူးလ်နောက်ခံလူဗန်ဒိုက်ဟာ မနေ့ကကစားခဲ့တဲ့ ဟာသာဘာလင်နဲ့ ရာသီကြိုခြေစမ်းပွဲမှာ ၉ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ပါဝင်ကစားပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပွဲချိန်မိနစ် ၇၀ မှာ ဗန်ဒိုက်က လူစားလဲဝင်ရောက်ခဲ့တာဖြစ်ပြီး ဘောလုံးပွွဲတွေနဲ့ ဝေးကွာနေမှုတွေကို အဆုံးသတ်နိုင်ခဲ့ကာ လာမယ့်ရာသီမှာ သူ ပြန်လာတော့မယ်လို့ ပရိသတ်တွေကို အချက်ပြသွားခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ဗန်ဒိုက်အတွက် ၉ လအတွင်း ပထမဆုံးပြန်ကစားတဲ့ ပွဲက ခါးသီးစရာဖြစ်ခဲ့ရပါတယ်။ ဟာသာဘာလင်အတွက် ဂျိုဗီတစ်က လေးဂိုးမြောက်သွင်းဂိုးကို ရယူခဲ့ရာမှာတော့ ဗန်ဒိုက်တစ်ယောက် အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရပြီး ပြိုင်ဘက်ဖြစ်သူရဲ့ လှလှပပလှည့်စားမှုကို ခံခဲ့ရကာ အသင်းဧရိယာအတွင်း ဒူးထောက်ကျန်ခဲ့ရပြီး ဂိုးသွင်းတာကိုလည်း ခံခဲ့ရတာဖြစ်ပါတယ်။



တန်ပြန်တိုက်စစ်ကတဆင့် ဂျိုဗီတစ်က ထိုးဖောက်လာခဲ့ရာမှာ ဗန်ဒိုက်က လိုက်လံလူကပ်ခဲ့ပါတယ်။ ဒါပေမယ့် ပင်နယ်တီဧရိယာအတွင်းထဲထိ ဂျိုဗီတစ်က ဆွဲပြေးလာနိုင်ခဲ့ပြီး ဗန်ဒိုက်က ဖျက်ထုတ်ဖို့ ကြိုးစားခဲ့ရာမှာတော့ ပါးပါးနပ်နပ်နဲ့ ရပ်တန့်ခဲ့ကာ အတွင်းကိုထပ်မံချိုးဝင်ပြီး ဂိုးသွင်းယူခဲ့ပါတယ်။ ဗန်ဒိုက်ကတော့ သူ့အရှိန်သူမထိန်းနိုင်ဘဲ ကျန်နေရစ်ခဲ့ကာ ကုန်းကုန်းကွကွဖြစ်နေခဲ့ရပြီး အဆိုပါအခိုက်အတန့်က တွစ်တာပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။

လီဗာပူးလ်ပရိသတ်တွေကတော့ သူတို့ရဲ့ခံစစ်မှူးဟာ ဘောလုံးပွဲတွေနဲ့ အဆက်ပြတ်နေတာကြာပြီဖြစ်ပြီး ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်ခါစဖြစ်တာကြောင့်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗန်ဒိုက်အတွက်တော့ ဒီဖျက်ထုတ်မှုက တော်တော်လေးကိုအားနည်းချက်ရှိနေခဲ့ပြီး သူ့အမှားမကင်းဘူးဆိုတာ ထင်ရှားခဲ့ကာ ပထမဆုံးပြန်ကစားခဲ့တဲ့ပွဲမှာပဲ မျက်နှာပျက်စရာအဖြစ် ရှိနေခဲ့ရပါတော့တယ်။



က္က