ပေ့ါဂ်ဘာရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်မှာလည်းဖြစ်ပါတယ်။

ဂရီလစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက်ခြေစွမ်းပြကစားနို်င်ခဲ့ပြီး အင်္ဂလန်နဲ့လည်း ယူရို ၂၀၂၀ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ရာမှာ ပရိသတ်အကြိုက်ကစားသမားဖြစ်ခဲ့သူဖြစ်ပါတယ်။ 


မန်စီးတီးအသင်းဟာ နည်းပြဂွာဒီယိုလာရဲ့ အဓိကပစ်မှတ်ကစားသမား ဂျက်ဂရီလစ်ရှ်ကို ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းမှုပြုလုပ်သွားခဲ့ပြီဖြစ်ပါတယ်။ အက်စတွန်ဗီလာကွင်းလယ်လူ ဂရီလစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက်ခြေစွမ်းပြကစားနို်င်ခဲ့ပြီး အင်္ဂလန်နဲ့လည်း ယူရို ၂၀၂၀ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ရာမှာ ပရိသတ်အကြိုက်ကစားသမားဖြစ်ခဲ့သူဖြစ်ပါတယ်။ 

အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ဗီလာအကယ်ဒမီက ထွက်ပေါ်လာခဲ့သူဖြစ်ပြီး မန်စီးတီးက ကာလရှည်ကြာစိတ်ဝင်စားနေခဲ့သူဖြစ်ပါတယ်။ ဗီလာကို တန်းတက်လာနိုင်အောင် ကူညီပေးခဲ့သလို တန်းပြန်မဆင်းရအောင်လည်း ဂရီလစ်ရှ်က အစွမ်းကုန်အားထုတ်ပေးနိုင်ခဲ့ပြီး အင်္ဂလန်ကစားသမားတွေထဲမှာ ခြေစွမ်းခြေစမြင့်မားသူလို့ အသိအမှတ်ပြုခံလာခဲ့ရပါတယ်။ 


မန်စီးတီးအသင်းတိုက်စစ်ပိုင်းအတွက် ဂရီလစ်ရှ်က ပိုမိုကောင်းမွန်တဲ့ ပေါင်းစပ်မှုဖြစ်မယ်လို့ ဂွာဒီယိုလာက ယုံကြည်နေပြီး မရရအောင် ခေါ်ယူပေးဖို့ အသင်းကိုတောင်းဆိုနေတာဖြစ်ပါတယ်။ ဗီလာက သူတို့ကစားသမားအတွက် စျေးနှုန်းကို မြင့်မားတဲ့ပမာဏတောင်းဆိုနေခဲ့လို့ မန်စီးတီးအတွက် အခက်တွေ့နေခဲ့ရပြီး အခုအခါမှာတော့ ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းခဲ့ရတာဖြစ်ပါတယ်။

ဒါဟာ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်လာမှာဖြစ်ပြီး အင်္ဂလန်ကစားသမားတွေထဲမှာလည်း စျေးအကြီးဆုံးကစားသမားအဖြစ် ဂရီလစ်ရှ်က မှတ်တမ်းဝင်နိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်ကွင်းလယ်လူပေါ့ဂ်ဘာက ပေါင် ၈၉ သန်းနဲ့ ဗြိတိန်စျေးအကြီးဆုံး ပြောင်းရွှေ့ကြေးရှင်အဖြစ် မှတ်တမ်းဝင်နေပြီး ငါးနှစ်ကြာရပ်တည်ခဲ့မှုက ဂရီလစ်ရှ်ကြောင့် ချိုးဖျက်ခံရဖွယ်ရှိနေပြီဖြစ်ပါတယ်။ 



က္က