ဒိုင်ကို လက်ကလေးဝှေ့ယမ်းပြဖို့ ဗီလာပရိသတ်တွေက သံပြိုင် ကြွေးကြော်ခဲ့ကြတာပါ။

ဗီလာပရိသတ်တွေရဲ့ စနှောက်ကျီစယ်မှုကို ကွင်းလယ်ဒိုင်လူကြီး ကီဗင်ဖရန့်ရဲ့ ပြန်လည်တုံ့ပြန်မှုကတော့ စိတ်ဆိုးရခက် ရယ်ရခက် ဖြစ်စေခဲ့ပါတယ်။

အက်စတန်ဗီလာအသင်းနဲ့ ဘရစ္စတိုးလ်အသင်းတို့ရဲ့ ရာသီကြို ခြေစမ်းပွဲစဥ်တစ်ခုမှာ ကွင်းလယ်ဒိုင်လူကြီး ကီဗင်ဖရန့်အနေနဲ့ ကစားသမားနဲ့ နည်းပြတွေကို အဝါ၊အနီပြသခွင့်ရှိထားသလိုပဲ ပရိသတ်ကိုပါ အဝါကဒ် ပြသခဲ့တဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။



အကြောင်းရင်းကတော့ ဗီလာပရိသတ်တွေဟာ ကွင်းလယ် ဒိုင်လူကြီး ကီဗင်ကို လက်ကလေး ဝှေ့ရမ်းပြပေးဖို့ သံပြိုင်သီဆိုကာ ကျီစယ်ခဲ့ကြပါတယ်။

ဒီအပေါ်မှာ ကွင်းလယ်ဒိုင်လူကြီးက သူ့ကို သံပြိုင် ကြွေးကြော်တဲ့ ဗီလာပရိသတ်တွေကို အဝါကဒ်လေး လက်မှာ ကိုင်ပြီး ပြန်လည် ‌ဝှေ့ယမ်းပြခဲ့တာပဲ ဖြစ်ပါတယ်။

ဖြစ်စဥ်ကတော့ ပထမပိုင်းမှာ ဘရစ္စတိုးလ်အသင်းဖက်ကို ပြစ်ဒဏ်ဘော ခွင့်ပြုပေးလိုက်ချိန် ဗီလာပရိသတ်တွေ က “ကီဗင် မင်းဟာလည်း မိုက်ဒိန်းလိုပဲ”ဆိုပြီး ပထမဆုံး သံပြိုင်အော်ကြပါတယ်။ဒိုင်ကို ကျီစယ်ခဲ့တာ ဖြစ်ပေ မယ့် ဒီသံပြိုင် ကြွေးကြော်မှုဟာ ရင်းနှီးမှုတစ်ခု အစတင်ခဲ့မယ်လို့ ဘယ်သူက ထင်မှာတုန်း။

ပရိသတ်တွေဟာ အဲ့ဒီလို သံပြိုင်အော်နေရင်းနဲ့မှ ဖရန့် လက်ကလေးဝှေ့ယမ်းပြပါအုံးဆိုပြီး သံပြိုင် ထပ်ဆင့် အော်ကြပါသေးတယ်။

ဒီအခါမှာတော့ ကီဗင်ဖရန့်က သူတို့ လိုချင်နေတဲ့ လက်ကလေးကို အဝါကဒ်လေး ကိုင်ပြီး ပြန်လည် ဝှေ့ယမ်းပြကာ ပြန်လည်ကျီစယ်ခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါပွဲစဥ်မှာတော့ ဗီလာအသင်းဟာ ဘရစ္စတိုးလ်အသင်းကို ၃ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က