အသက် ၂၈နှစ်အရွယ်ကိန်းဟာ စပါးနဲ့ ၂၀၂၄ထိ စာချုပ်သက်တမ်းရှိနေပါတယ်။

အင်္ဂါနေ့မှာ လေ့ကျင့်ခန်း စတင်ဖို့ တနင်္လာနေ့မှာ ကိုဗစ်စစ်ဖို့ အားလုံး လာကြရမှာ ဖြစ်ပေမယ့် ကိန်းကတော့ ရောက်မလာနိုင်သေးတာလို့သိရပါတယ်။

မန်စီးတီးကို အသင်းပြောင်းဖို့ သတင်းတွေ ထွက်နေတဲ့ စပါး တိုက်စစ်မှူး ကိန်းဟာ ပရိသတ်တွေကို ဒွိဟ ဖြစ်စေ မယ့် လုပ်ရပ်တစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။



အဲ့ဒါကတော့ အင်္ဂါနေ့မှာ စတင်မယ့် စပါးအသင်းရဲ့ လေ့ကျင့်ရေး အစီအစဥ်အတွက် ကစားသမားတွေဟာ တနင်္လာနေ့မှာ မဖြစ်မနေ ကိုဗစ်စစ်ဖို့ အရောက်လာပေးရမှာပါ။

ကိန်းအနေနဲ့ အင်္ဂလန်အသင်းနှင့်အတူ ၂၀၂၀ ယူရို ကစားထားလို့ ၃ပတ် အနားရထားပြီး အခုလို ကိန်း ရောက် မလာသေးတဲ့ အပေါ် စပါးအသင်းဖက်ကလည်း တစ်စုံတရာ ထုတ်ပြန်ပြောလာပေးခြင်း မရှိသေးပါဘူး။

 အသက် ၂၈နှစ်ရှိပြီ ဖြစ်တဲ့ အင်္ဂလန် အဓိက တိုက်စစ်မှူး ကိန်းဟာ အသင်းပြောင်းဖို့ ရဖို့အတွက်လည်း လက်ရှိ စပါးအသင်း ဥက္ကဌနဲ့ ပုဂ္ဂိုလ်ရေး အရ ညှိနှိုင်း ဆောင်ရွက်ခွင့်တွေ ရှိနေပါတယ်။

မန်စီးတီးအသင်းဟာ ကိန်းအပြင် ကိန်းရဲ့ အင်္ဂလန် ကစားဖော် ဂရီလစ်ရှ်ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်တစား ကြိုး ပမ်းနေပါတယ်။

ဂရီလစ်ရှ်ကတော့ သူ့ရဲ့ ကလပ်အသင်းဖြစ်တဲ့ အက်စတန်ဗီလာအသင်းနှင့်အတူ လေ့ကျင့်ရေး အစီအစဥ်ကို စတင် နေပြီ ဖြစ်ပါတယ်။

ကိန်းကတော့ ၂၀၂၄ခုနှစ်အထိ စပါးနဲ့ စာချုပ်သက်တမ်းရှိပေမယ့် လက်ရှိမှာတော့ စပါးအသင်းဖက်ကလည်း စျေး ကောင်းရရင် ဘဏ္ဍာရေး အခြေအနေအရ ထုတ်ရောင်းဖို့ သတင်းကြီးနေပါတယ်။



က္က