လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင့်တဲ့ ကမ်ပိန်းတစ်ခုပါ။

အသင်း ၂၀က ကစားသမားတွေဟာ ဒူးထောက်ပြီး လူမျိုးရေး ခွဲခြားမှု အားလုံးကို ဆန့်ကျင့်တဲ့ အပြုအမူကို ရာသီအသစ်မှာလည်း ဆက်လက်ပြုလုပ်ကြမယ်လို့ ပြောလာတာပါ။

လူမျိုးရေး ခွဲခြားမှု လုံးဝ မရှိစေရေ အစီအစဥ်ကို ထောက်ခံ ကျင့်သုံးသည်ဆိုတဲ့ အစီအစဥ်ကို ပရီးမီးယားလိဂ်မှာ ဆက်လက် ကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။



“လူမျိုးရေး ခွဲခြားမှုမရှိ”ဆိုတဲ့ ပွဲမစခင် ဒူးထောက်ပြီး သရုပ်ဖော်တဲ့ အစီအစဥ်ကို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မနှစ်က ‌တောက်လျှောက် ကျင့်သုံးခဲ့ပါတယ်။

ကစားသမားတွေနဲ့ အသင်း တာဝန်ရှိသူတွေဟာ ကွင်းအတွင်းကို “NO ROOM FOR RACISM”ဆိုတဲ့ စာတမ်းပါ ဂျာစီကို ဝတ်ကာ ကွင်းအတွင်း ဝင်လာတဲ့ ပုံစံမျိုးကို ဆက်လက် ကျင့်သုံးပြီး ကွင်းအတွင်းမှာလည်း ကစားသမားတွေဟာ ဒူးထောက်ပြီး လက်မြှောက်ကာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ သဘောထားကို ဆက် လက်ပြသသွားမှာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတော့ ဘရန့်ဖို့ဒ်အသင်းက ဒီလို အပြုအမူမျိုးကို မိမိတို့အသင်းအနေနဲ့ ဆက်လက် ပူးပေါင်း ပါဝင်ပေးနိုင်ဖို့ ရေရှည်မှာ မဖြစ်နိုင်တော့ဘူးလို့ ထုတ်ဖော်ပြောလာတာတော့ ရှိပါတယ်။

ဒါပေမယ့်လည်း ဘရန့်ဖို့ဒ်ကစားသမားတွေကတော့ သူတို့အနေနဲ့ အစီအစဥ်မှာ ပါဝင်ဖို့ ရှိပါတယ်လို့လည်း ပြန်ပြော ထားကြပါတယ်။

ဥရောပ ဘောလုံး လောကမှာတော့ လူမျိုးရေး ခွဲခြားမှု မပြုလုပ်ကြဖို့ အတန်တန် ကမ်ပိန်းတွေ လုပ်နေပေမယ့် လည်း အနီးစပ်ဆုံးအနေနဲ့ အင်္ဂလန်အသင်းက အီတလီအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ယူရိုဗိုလ်လုပွဲ အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အင်္ဂလန် ကစားသာမား ၃ဦး လူမျိုးရေး ခွဲခြား တိုက်ခိုက်မှု ခံခဲ့ရပါတယ်။

ရက်ရှ်ဖို့ဒ်၊ဆာကာနဲ့ ဆန်ချိုတို့ ၃ဦး ပင်နယ်တီ လွဲချော်ခဲ့တာကြောင့် ပရိသတ်တွေက အဆိုပါ ကစားသမားတွေကို လူမျိုးရေး ခွဲခြား တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြတာပါ။


ဆက်စပ်အကြောင်းအရာများ



က္က