ကိန်းဟာ လေ့ကျင့်ရေးကို မလာတာ ၂ရက်ဆက်တိုက်ရှိနေပါပြီ။

ကိန်းဟာ စပါးအသင်းရဲ့ လေ့ကျင့်ရေးကို ခွင့်မဲ့ ၂ရက်ဆက်တိုက် ပျက်ကွက်ခဲ့တာကြောင့် မီဒီယာရဲ့ ဝေဖန်မှုကို စတင် ရင်ဆိုင်လာရပါပြီ။

လေ့ကျင့်ရေးကွင်းကို လာရောက်ဖို့ ပျက်ကွက်နေတဲ့ တိုက်စစ်မှူး ကိန်းရဲ့ လုပ်ရပ်အပေါ် thfcsource လူမှု ကွန်ယက်ပေ့ချ်က အင်စတာဂရမ်မှာ မဖြစ်သင့်တဲ့ လုပ်ရပ်တွေ ဖြစ်ကြောင်း ဖော်ပြလာပါတယ်။



၂၈နှစ်အရွယ် ကိန်းဟာ အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်သလို စပါးအသင်းရဲ့ အားထားရတဲ့ မရှိ မဖြစ် တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယူရို ၂၀၂၀ ဗိုလ်လုပွဲအပြီးကတည်းက ကလပ်အသင်းထံ လာရောက်ပူးပေါင်းခြင်း မရှိသေးပဲ မပူးပေါင်းနိုင်တာကိုလည်း အကြောင်းကြားလာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

အနားရချိန် ၃ပတ်ပြည့်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ လေ့ကျင့်ခန်း စတင်ချိန်မှာ ပေါ်မလာသေးတာ ဟာ မန်စီးတီးကိုပြောင်းဖို့ အလုပ်တွေ ရှုပ်နေတာကြောင့်လို့လည်း မီဒီယာတွေက သုံးသပ်ဖော်ပြမှုတွေ ရှိလာနေ ပါတယ်။

ဒီအပေါ်မှာတော့ ကစားကွက် အတွဲညီညီနဲ့ ချစ်ချစ်ခင်ခင် ရှိကြတယ်လို့ ယူဆနိုင်တဲ့ ကိန်းရဲ့ ကစားဖော် ဆွန် ဟောင်မင်ကိုယ်တိုင်ကလည်း ကိန်းရဲ့ လုပ်ရပ်ဟာ မဟုတ်မှန်ကြောင်း၊မဖြစ်သင့်ကြောင်း ဖော်ပြလာတဲ့ လူမှု ကွန်ယက်က ပို့စ်တစ်ခုကို လိုက်ခ် လုပ်ထားတာကို မီဒီယာတွေက နှိုက်နှိုက်ချွတ်ချွတ် ဖော်ပြ လာခဲ့ပါတယ်။

ဒီဖော်ပြမှုဟာ နှစ်ဦးကြား ချစ်ခင်လှတဲ့ သံယောဇဥ် အပိုင်းအစတွေကို လွင့်စင်သွားဖို့ အကြောင်းဖန်လာလေ မလားဆိုတာကလည်း စိုးရိမ်စရာပါ။

အကြောင်းကတော့ ကိန်းနဲ့ဆွန်ဟာ ကွင်းအတွင်း အတွဲညီပြီး အမြဲတမ်း အတူတူအောင်ပွဲခံကာ ကွင်းတွင်းသာမက ကွင်းပြင်ပမှာပါ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူတွေပါ။

ဒီလို သူငယ်ချင်း အရင်းတစ်ယောက်က မိမိကို ပြစ်တင်ထားတဲ့ ပို့စ်တစ်ခုကို လိုက်ခ်ဝင်ပေးထားတာကို ကိန်း တစ်ယောက်သိသွားရင်သူတို့အကြား ပြဿနာ ဖြစ်လာနိုင်မလားဆိုတာ စိုးရိမ်ဖွယ် တွေးနိုင်ပါတယ်။


အခြားတစ်ဖက်မှာတော့ မီဒီယာရဲ့ နှိုက်နှိုက်ချွတ်ချွတ် ဖော်ပြမှုဟာ ကိန်းကို တစ်ပတ်ပြန် စိတ်လည်လာစေပြီး စပါး အသင်းမှာ ဆက်ရှိနေစေမလားဆိုတာနဲ့ ဒီအပေါ်မှာ စိတ်ကသိကအောက်ဖြစ်ပြီး ဆုံးဖြတ်ချက်တွေ ပြတ်ပြတ် သားသား ဆောင်ရွက်သွားတာကြောင့် စပါး ပရိသတ်တွေပဲ ရင်ကွဲရမလားဆိုတာကလည်း မေးခွန်း အဖြစ် ရှိနေဆဲပါ။

 “ကစားသမားဟာ ကလပ်အသင်းထက် ကြီးမားမနေရပါဘူး။ဟယ်ရီကိန်း အက်ဖ်စီမှာ ဖလားတစ်လုံးမှ မရှိပါဘူး။ စပါးအသင်းဟာ ဆုဖလားပေါင်း ၂၆လုံး ပိုင်ဆိုင်ထားနိုင်ပါတယ်။”လို့ thfcsource ပေ့ချ်က အင်စတာဂရမ်မှာ ပို့စ် တင်ထားတာပါ။

ဒါကို လိုက်ခ်ပေးသူတွေထဲမှာ ဆွန်ဟောင်မင်လည်းပါဝင်ခဲ့တာကို မီဒီယာက နှိုက်နှိုက်ချွတ်ချွတ်ဖော်ပြ နိုင်ခဲ့ တာပါ။



က္က